သူနဲ့ဆုံတဲ့ကမ္ဘာလေး-၁၁

1.1K 162 12
                                        

Zawgyi

စောင့်ရှောက်သူ

ထိုဝရံတာတွင် သုံးယောက်သာရှိတာကြောင့်
ထိုမိန်းကလေးကစကားကို ခတ်ရဲရဲဆို၏။
ချန်းယောလ်ကိုလည်းဆယ်ဟွန်းနှင့်အတူပါလာသူမှန်းသိ
ပုံမရ။
ချန်းယောလ် ထိုစကားကြားပြီးနောက် အတော်လေးအံ့သြသွားရ၏။

*ဘယ်လိုတောင် ရဲတင်းတဲ့မိန်းကလေးလဲ...ဒဲ့တိုးကြီး*

နှစ်ဦးရဲ့ပက်သတ်မှုကို ချန်းယောလ်မသိလေသော်လည်း ဤသို့ကောက်ချက်ချမိသည်။

ထိုအခိုက် ဆယ်ဟွန်း၏မျက်ခုံးတန်းများက ပိုတိုးလို့ကျုံ့ဝင်သွားသလို ချန်းယောလ်ဘက်ကိုဆတ်ခနဲကြည့်လာသည့် အကြည့်တစ်
ချက်တွင် စိုးရိမ်မှုတို့ကြီးစိုးနေသည်။
မိန်းကလေးကိုသာတအံ့တသြလှန်းကြည့်နေသည့်
ချန်းယောလ်ကတော့ မြင်လိုက်ပုံမရ။

"ဟွန်း လက်ခံမယ်မလား?"

"ကင်ဂျီဆော့ရှီ..."

ဆယ်ဟွန်း၏ ခတ်စိမ်းစိမ်းအခေါ်အဝေါ်နှင့် အလိုမကျသလိုဟန်ပန်ကြောင့် သူမဟာနှုတ်ခမ်းကိုအနည်းအကျဉ်းဆူလိုက်သည်။

"ဟွန်းကလည်း အဲ့လိုကြီးမခေါ်ပါနဲ့လို့ပြောထားရက်နဲ့"

ချန်းယောလ် ဘေးကနေရင်းမအီမသာဖြစ်လာရသည်။
ခတ်လှမ်းလှမ်းသို့တိုးလိုက်ပြီးနောက် မသိသလိုသာ ဟန်ဆောင်နေလိုက်သည်။

"ဟွန်း...ဒီတစ်ကြိမ်တော့ လက်ခံမယ်မလား...ဟင်..?"

ဆယ်ဟွန်းအနားသို့တိုးကပ်လာသည့် သူမကြောင့် ဆယ်ဟွန်းခြေလှမ်းများသူမနှင့်ဆန့်ကျင်ဘက်သို့ရွှေ့သွား
သည်။

"ကင်ဂျီဆော့ရှီ...ကျနော်ပြောပြီးသားကို နောက်တစ်ခါထပ်မမေးသင့်ဘူး..."

ဆယ်ဟွန်းတကယ်ကိုစိတ်မရှည်တော့။
အဓိက,က ချန်းယောလ်အထင်အမြင်မှားသွားမည်ကို လန့်နေမိခြင်း။

"ဟွန်းရယ်...ဒါဆိုဘယ်ချိန်ကျမှလဲ...တို့အတွက်အဖြေက"

ဆယ်ဟွန်း ပြန်မဖြေပဲ မျက်မှောင်ကျုံ့ကြီးနှင့် တစ်ဖက်ကိုလှည့်၍သာ....

"ဒီတစ်ခါ ဟွန်းလက်မခံဘူးဆိုရင်...လက်ခံလာအောင် လုပ်မယ်...ကျမဟွန်းကို...."

Guardian(completed)Место, где живут истории. Откройте их для себя