သူနဲ့ဆုံတဲ့ကမ္ဘာလေး-၁၄

1K 157 43
                                        

Zawgyi

စောင့်ရှောက်သူ

"ချန်းယောလ်လီကို ကိုယ်ချစ်တယ်..."

တင်းကြပ်ကြပ်ကိုင်ဆောင်ထားခြင်းခံထားရသော ထီးရိုးလေးဟာ လက်ထဲကနေလွတ်ထွက်သွားသည့်အခါ နှင်းစက်များစွာဟာ
အလုအရက်တိုးထိလာကြတော့သည်။
အေးစိမ့်စိမ့်ပါးပြင် ဖောင်းဖောင်းလေးကို ဖိကပ်အုပ်ကိုင်လို့ ဖူးမို့မို့ နှုတ်ခမ်းလွှာလေးအပေါ် ကြဲသည့်အကြင်နာတစ်ပွင့်နောက်ဝယ်
အက်ရှရှစကားသံတို့ဟာ ရပ်ဆိုင်းကုန်ရသည့်အဖြစ်။
အိစက်နူးညံ့မှုအပြည့်အဝကို ထိုနှုတ်ခမ်းထက်ဆီမှရရှိသည့်အခါ
တက်မက်မှုက နှစ်ဆတိုးသည်။

မျက်ဝန်းကိုစုံမှိတ်လို့ နူးညံ့ခြင်းကိုအပြည့်အဝခံစားရသည့်ထိုအခိုက်
အတန့်ဟာ အသက်ရှင်ခဲ့ရသမျှကာလပတ်လုံးအလှအပ
ဆုံးအခိုက်အတန့်ပင်ဖြစ်လိမ့်မည်။
ထိကပ်ထားရုံနဲ့ မတင်းတိမ်တော့သည့် ကျနော်လူမိုက်ဟာ ကလေးငယ်၏ နှုတ်ခမ်းအိအိကို ဆွဲငုံကာယူလိုက်သည့်အခါ ကျနော့်ကုတ်အင်္ကျီစအဖျားလေး၏တင်းကျပ်သွားမှုကို ခံစားမိလိုက်သည်။
အေးစိမ့်နေသည့် ရာသီကိုဆန့်ကျင်လို့ ကလေးရဲ့ပါးမို့မို့ဟာနွေးထွေးစ
ပြုလာသည်ကိုကျနော့်လက်ဖဝါးမှတစ်ဆင့်ခံစားလိုက်ရသည့်အခါနှလုံးသားဟာ အဆမတန်နွေးလို့ လှိုက်ကာခုန်သည်။

အဆုံးသတ်အနေနဲ့ နှုတ်ခမ်းဖူးလေးတစ်ခုလုံးထွေးငုံပြီးမှ လွှတ်ပေးလိုက်ရသည့်အခါ ပထမဦးဆုံးခံစားမှုက နှမျောတသခြင်း။
မှေးမှိတ်ထားသည့် မျက်ဝန်းများကိုခတ်ဖြည်းဖြည်းဖွင့်စဉ် နီးမြန်းမြန်းနှာခေါင်းထပ်လေးနှင့် ချန်းယောလ်လီ၏မျက်နှာဖွေးဖွေးဟာ
ရူးလောက်စေသည်။
သိမ်းပိုက်ခဲ့ရသည့် ခတ်ဟဟဖြစ်နေဆဲ နှုတ်ခမ်းဖူးဖူးဆီအကြည့်ရောက်သည့်အခါ ထပ်
မံသုံးဆောင်ချင်စိတ်က မထိန်းနိုင်မသိမ်းနိုင်လှိုက်တက်လို့လာသည်။
ပြူးဝိုင်းနေသော အံ့သြမှုအရိပ်အယောင်များနှင့် ကိုယ့်ကလေးမျက်ဝန်းများမှာ ကောင်းကင်ထက်က ကြယ်တွေသေချာပေါက်ဒူးထောက်လိမ့်မည်။

"ချစ်တယ်.."

"အို...အိုဆယ်ဟွန်းရှီ.."

"ကိုယ့်ကို ပြန်ချစ်ပေးပါ...ကိုယ်မင်းကိုချစ်လို့...."

Guardian(completed)Место, где живут истории. Откройте их для себя