အတိတ်၏ခြေရာ

941 109 29
                                        

Zawgyi

စောင့်ရှောက်သူ

"ကိုယ်တို့ လမ်းခွဲကြစို့"

တိုတောင်းသော ထိုစကားခွန်းအချို့ဟာ ရူးလောက်အောင်နာစေမှန်း သူမသိလို့ပြောလေသလား သိရက်နဲ့ နှိပ်စက်တာမျိုးလား မေးချင်မိပါရဲ့။

"ဟွန်းရှီ...!!"

"ကိုယ်တို့ တကယ်ပဲမဖြစ်ဘူး....မင်းနဲ့တစ်ဘဝလုံးအတူနေဖို့ ကိုယ့်
အတွက်အဆင်မပြေဘူး...."

အံ့အားသင့်မှုမှာ ပျော်ဝင်သွားတဲ့ကျနော့်အဖြစ်က တုံ့ပြန်ဖို့စကားလုံးရှာမရတော့လောက်အောင်ပါပဲ။
အဲ့လောက်ထိ သူပြောရက်လွန်းတာလား။

ချစ်တယ်ဆို...တစ်ဘဝလုံးစာထက် ပိုပြီးချစ်ပေးမယ် ဆိုတဲ့ကတိစကားနဲ့အတူ ကျနော့်ဘယ်လက်ဆီက လက်စွပ်ငယ်က ဟာသကြီးတစ်ပုဒ်မှမဟုတ်ပဲ။

"ဘာလို့လဲ....ဘာကအဆင်မပြေတာလဲ...
ချစ်တယ် လို့ ခများပဲပြောခဲ့တာလေ...."

ထိုအခါ သူဟာ မျက်နှာလွှဲနေခဲ့သည်။
အမြဲစူးစိုက်ပြီး ကြည့်နေတတ်တဲ့ သူက သူမဟုတ်သလိုပဲ ခတ်စောင်းစောင်းမျက်နှာလွှဲကာ နှုတ်ဆိတ်နေခဲ့သည်။

"ပြောလေဗျာ...အဆင်မပြေတာက ဘာလဲ...
တစ်ဘဝလုံးအတူနေဖို့အဆင်မပြေတော့ထိ ပြောင်းလဲသွားတဲ့အကြောင်းအရင်ကို ပြော....
အကြောင်းပြချက်တော့ ပေးရမာမဟုတ်ဘူးလား?"

ဒေါသထွက်တာရော ဝမ်းနည်းတာပါ ပေါင်းပြီး ကျနော်ငိုယိုအော်ဟစ်မိတော့သည်။

"ပြောလေ...ဘာအကြောင်းနဲ့လမ်းခွဲချင်တာလဲ...
ပြောလို့ပြောနေတယ်....အခုမှ ဘာလို့ တစ်ခွန်းမှမဟတာလဲ...

တစ်ယာက်တည်းနေသားကျနေတဲ့ ကျနော့်ဘဝထဲထိအတင်းဝင်လာတာ ဘယ်သူလဲ....?ကျနော့်ကို ချစ်တယ်လို့ အကြိမ်ကြိမ်ပြောခဲ့
တာရော ဘယ်သူလဲ....?ကျနော့်အနားမှာ တောက်တဲ့လိုကပ်နေခဲ့တာရော ဘယ်သူလဲ....ဟမ်....?ခများပဲလေ....ခများပဲ အဲ့လိုတွေလုပ်ခဲ့
ပြီးမှ အခုကျမှ....ကျနော်က ရူးမတတ်ချစ်မိနေတဲ့ အချိန်ကျမှ လမ်းခွဲချင်ရတဲ့ အကြောင်းအရင်းလေးတော့ ပေးပါဦး အိုဆယ်ဟွန်းရဲ့"

ဘဝမှာ လူတစ်ယောက်ကို ဒီလောက်အတိုင်းအတာထိအော်ဟစ်ပေါက်ကွဲဖူးတာ ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။
ပြဿနာပေါင်း အမျိုးစုံအောင်တတ်ဖူးပေမဲ့ သူပေးတဲ့ခံစားမှုက
တဆစ်ဆစ်ကိုက်တဲ့ထိနာကျင်စေတာမို့ ကျနော်ဒီလောက်တော့ပေါက်ကွဲလို့ရတယ်မလား။

Guardian(completed)Место, где живут истории. Откройте их для себя