သူနဲ့ဆုံတဲ့ကမ္ဘာလေး-၁၀

1.2K 160 17
                                        

Zawgyi

စောင့်ရှောက်သူ

ဘေးကပ်လျက်ဆီသို့ပျံ့ဝဲလာသော စကားကြောင့် ခတ်လှမ်းလှမ်းက ပန်းချီကားကြီးကိုငေးနေသောမျက်ဝန်းများဟာ
အနောက်ပါးသို့။
ထို့အတူ စားပွဲခုံပေါ် ခတ်တိုးတိုး တတောက်တောက်ခေါက်နေသော
လက်ချောင်းထိပ်များကလည်း ရပ်တန့်သွားသည်။

"ဪ....ဟုတ်ကဲ့.."

ကိုယ့်ပွဲမဟုတ်ဘာမဟုတ်။အရေးမပါသည့် ကိုယ့်ကိုယ်လာခွင့်တောင်းနေတာမို့ ချန်းယောလ်ခတ်သွက်သွက်ပင်ပြန်ဖြေလိုက်သည်။

"တစ်ယောက်ထည်းလား..."

suit ခဲပြာကို အထက်အောက်ပြည့်စုံစွာဆင်မြန်းထားသည့် လူချောဟာ ချန်းယောလ်နဲ့အရပ်အမောင်းရော အသက်အရွယ်ပါမတိမ်းမယိမ်းရှိလောက်မည်။
ထိုသူက ချန်းယောလ်ထိုင်နေသည့်ခုံ၏ဘေးကပ်လျက်ခုံကိုဆွဲယူ
ကာထိုင်ရင်း ဆိုသည့်အခါ....

"အာညီးယို..."

ခတ်ပါးပါးလေးသာ ပြုံးကာပြန်ဖြေလိုက်သော်လည်း မူပိုင်ပါး
ချိုင့်ကြီးက အနည်းငယ်ပေါ်လွင်သွားသေးတာ။
ထိုတစ်ခွန်းသာ ဖြေပြီးနောက် ချန်းယောလ်အရင်လိုပင် ပန်းချီကားကြီးအားပြန်ငေးသည်။
ချန်းယောလ် ပန်းချီတွေကိုချစ်သည်။
တစ်သက်လုံးကြည့်ခွင့်ရဖို့ အပိုင်မဝယ်နိုင်သည့်အခြေအနေမှာငေးခွင့်ရတုံး အားရအောင်ငေးမည်ဟူသော အကြံနှင့်။

"နာမည်သိလို့ရမလား....?"

ထပ်မံ၍သော ထိုလူ့ထံမှမေးခွန်းကို ချန်းယောလ်အလိုမကျစွာကြည့်မိသည်။

*ဘယ်လိုတောင် ကြောင်တာလဲ...ဒီက straight ဆိုရင် ထထိုးခံရမှာမကြောက်ဘူးလားပဲ*

ချန်းယောလ်မဖြေပဲ နဂိုနေရာသို့သာပြန်လှည့်သွားသည့်အခါ ထိုကောင်လေးက သဘောကျသလိုခတ်ဟဟရယ်၏။
ချန်းယောလ်လှည့်မကြည့်သော်ငြား မျက်မှောင်ကိုအစွမ်းကုန်
ကျုံ့လိုက်မိသည်။

"ဟိတ်...နာမည်လေးသိချင်လို့ပါ...."

"ဆယ်ဟွန်းပါ...အိုဆယ်ဟွန်း တွေ့ရတာဝမ်းသာပါတယ်"

"ဟမ်...."




*******************

ဂျုံအင်လာပို့ပေးသည့် တန်ဖိုးကြီးမွေးနေ့လက်ဆောင်ကို ပွဲ၏ဇာတ်လိုက်ကျော် မွေးနေ့ရှင်သူဌေးပတ်အား ပေးရင်း စကားတချို့ဆိုကြသည့်အခါ ဆယ်ဟွန်းမျက်ဝန်းများက တစ်ချက်တစ်ချက် ဘေးသို့သာဆွေနေလေရဲ့...။

Guardian(completed)Où les histoires vivent. Découvrez maintenant