စောင့်ရှောက်သူ
Zawgyi
"အနှစ်ချုပ်က ငွေအမောင့်တွေမှားနေလို့ ပြန်စစ်နေရတာကြီးကို..."
"ငါမှမတွေ့ရပဲ...တစ်နေကုန် ငါဘယ်လောက်ဖုန်းတွေခေါ်နေလည်းသိလား...မင်းဖုန်းကို
မင်းပြန်ကြည့်ပြီးပြီလား...."ချန်းယောလ် ခေါင်းသာခတ်ဖြည်းဖြည်းရမ်းပြရသည်။
တကယ်လည်း ချန်းယောလ်ဖုန်းနဲ့မထိတွေ့ရသေးပေ။
ပြန်ရောက်တည်းက ချန်းယောလ်နေသည့် အဆောင်၏တိုက်ရှေ့မှာ
မျက်နှာကြီးမောင်းတင်ကာ ထိုင်နေသည့်ဟိုချင်းကြောင့် ဖြေရှင်းချက်ပေးနေရသည်က အခုထိအပေါ်ပင်မတက်ရသေး။"ပတ်ချန်းယောလ်....ပတ်ချန်းယောလ်...တော်တော်လေးကိုနော်.....ငါသိပ်မပြောချင်ဘူး...ဟိုဒီအသံကြားလို့ကတော့..."
"ဟိုချင်းကလည်း...ငါ့မှာ မင်းပဲရှိတာ...ဘယ်ကိုဘယ်သူတွေနဲ့ဘာ
သွားလုပ်ရမှာလဲ...ငါဘယ်မှ မသွားတတ်တာ မင်းလည်းသိနေတာပဲ..."ချန်းယောလ်ဟာ ယောက်ျားပီသလွန်းသောကိုယ်ကြီးနဲ့ခြားနားစွာ မျက်နှာလေးငယ်လျက် ဖြေရှင်းရသည်။
ဒါတောင် တစ်ဖက်ကမျက်နှာဟာ တင်းမာလျက်ရှိတုန်း။"အေး...အဲ့လိုမသွားတတ်ရာကနေ သွားတတ်သွားမှာစိုးလို့ပေါ့...
မဟုတ်က ဟုတ်ကတွေနဲ့ပေါင်းမိပြီး မဟုတ်တာလုပ်တတ်သွားရင်ဘယ်လိုလုပ်မလဲ...""မလုပ်ပါဘူး...လုပ်စရာလား...ငါဘယ်သူနဲ့မှလည်းမပေါင်းဘူးမင်းမကြိုက်တာလည်း ဘာမှမလုပ်ဘူး...စိတ်ချ..."
ခါးကိုကျစ်နေအောင် ထောက်ထားသည့် ဒေါသအိုးရဲ့လက်တို့ကို
အတင်းဆွဲယူကာကိုင်တွယ်ရင်း ချော့ရသည့်ချန်းယောလ်အဖြစ်။"သေချာလား....?"
မကျေနပ်နိုင်သေးသည့် ဟိုချင်းဟာ စောင်းပေပေအကြည့်နဲ့အတူမ
ယုံသင်္ခါမေးသည်။"အွန်း...သေချာတယ်..."
"ပြီးတာပဲ...ဒါဆို ပြန်တော့မယ်...အပေါ်တက်တော့...
စောစောစီးစီးအိပ်""အွန်း...ဘိုင့်ဘိုင်..."
ဆတ်ခနဲ လက်ကိုလွှတ်ကာထွက်သွားသည့် ဟိုချင်းကိုငေးကြည့်ရင်း လက်ပြုတ်မတက် နှုတ်ဆက်နေခဲ့ရသူကချန်းယောလ်။
စိတ်ဆိုးပြေသွားသည်ကြောင့် တော်သေးသည်ဟု ချန်းယောလ်ကောက်ချက်ချသည်။
ဟိုချင်းစိတ်ဆိုးပြီး ချန်းယောလ် ကိုအကြာကြီးပြစ်ထားမှာ ချန်းယောလ်ကြောက်သည်။
ထို့ထက် ချန်းယောလ်ကို စိတ်ပျက်ပြီးထားသွားခဲ့မှာကို ပိုကြောက်သည်။
ထို့ကြောင့် ဟိုချင်းစိတ်တိုင်းကျ ချန်းယောလ်နေမည်ဟုဆုံးဖြတ်ထားသည်။
YOU ARE READING
Guardian(completed)
Romance*Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား *********** *Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား