သူနဲ့ဆုံတဲ့ကမ္ဘာလေး-၁၇

1K 153 34
                                        

Zawgyi

စောင့်ရှောက်သူ

"ဟင့်အင်း...ဘာမှမစားချင်တော့ဘူး...ကလေးကိုပဲကြည့်နေချင်တာ"

"ဟာဗျာ....အိုဆယ်ဟွန်းရှီကလည်း...."

ချန်းယောလ်၏ပါးပြင်ဖောင်းဖောင်းနှင့် ထိုးထွက်နေသည့်နားရွက်လေးနှစ်ဖက်ဟာ ရုတ်ချည်းနီမြန်းလာတော့သည်။
ဆယ်ဟွန်းက သဘောကျသလို ခတ်ဟဟရယ်သေးတာ။

"ချစ်ဖို့ကောင်းလိုက်တာ ကိုယ့်ကလေးက"

ထိုစကားနဲ့အတူ ခုံနောက်မှီကိုမှီကာထိုင်နေရင်းက ရှေ့သို့တိုးလာကာ စားပွဲထက်သို့လက်ထောက်သည်။
ပြီးနောက် နဂိုကထက် ချန်းယောလ်ကိုတိုးကပ်ကာ ခတ်စူးစူးကြည့်လိုက်ပြီးနောက် ချန်းယောလ် ပါးအိအိကို လက်ညှိုးထိပ်ဖျားလေးနှင့်တို့ထိလာသေးသည့် ဆယ်ဟွန်းကြောင့် ချန်းယောလ်ထိုနေရာကကနေ အငွေ့ပင်ပျံသွားချင်စိတ်ပေါက်ရသည်။

စားလက်စမုန့်ကလည်း လည်ချောင်းဝမှာတစ်ဆို့ကာ အောက်သို့ကျမသွားတော့သလိုပင် ခံစားလာရသည်။

အိုဆယ်ဟွန်း ဘယ်လိုဖြစ်....

မုန့်လည်းမစား စောစောကအတိုင်းသာ ချန်းယောလ်ကိုစိုက်ကြည့်နေသေးသည်ကြောင့် ချန်းယောလ်စားလက်စ ကိတ်မုန့်လေးကုန်
သွားသည်နှင့် အသင့်ချထားသော ပဝါဖြူလေးနှင့်လက်ကိုသုတ်လိုက်သည့်အခါ ဆယ်ဟွန်းက ကပြာကယာ။

"ကလေး တော်ပြီလား...မုန့်တစ်ခုတည်းစားပြီး..."

"အိုဆယ်ဟွန်းရှီကအဲ့လိုကြီးကြည့်နေမှတော့ ကျနော်ဘယ်လိုလုပ်စားဝင်တော့မလဲ...."

ရှိရင်းဆွဲထက် အနည်းငယ်မျှဆူထွက်နေပြီဖြစ်သည့် ချန်းယောလ်နှုတ်ခမ်းဖူးဖူးကိုငေးရင်း ဆယ်ဟွန်းရယ်လိုက်သည်။

*ဒီကလေး စိတ်ကောက်တာလား?*

"ဟုတ်ပါပြီ ဟုတ်ပါပြီ...
ကိုယ်မကြည့်တော့ဘူး...စားမယ်နော်..."

ထိုသို့မှ ချန်းယောလ်လည်း မနက်စာကိုဖြောင့်ဖြောင့်တန်းတန်းစား
လို့ဝင်ပေတော့ကာ ဆယ်ဟွန်းတစ်ယောက်လည်း မနက်စာစားဖြစ်လေတော့သည်။

Guardian(completed)Donde viven las historias. Descúbrelo ahora