Zawgyi
စောင့်ရှောက်သူ
ပိတ်ရက်ဖြစ်တာကြောင့် သွားစရာ၊လည်စရာရယ်လို့မရှိသလိုအဖော်
အပေါင်းလည်း မရှိသည့်ကျနော့်အဖို့ မနက်ဆယ်ရီလောက်ထိအိပ်
ယာထဲတွင်သာအချိန်ဖြုန်းလိုက်ပြီး
ရေမိုးချိုးအဝတ်လဲကာနေ့လည်စာ စားဖို့ရန်အပြင်ထွက်ခဲ့သည်။ထုံးစံမပျက် ခေါက်ဆွဲကိုနေ့လည်စာအဖြစ်တည်ခင်းလိုက်ပြီးနောက်
ကျနော့်ထံလုပ်စရာအလုပ်ဟူ၍မရှိလေတော့။ပလက်ဖောင်းတစ်လျှောက် ပျင်းရွဲရွဲအိလှမ်းနေသည့် ကိုယ့်ခြေလှမ်းများ ကိုယ်ရေတွက်ရင်း အင်္ကျီအိတ်ထောင်ထဲလက်ထဲ့ကာ ကြံရာဖန်ရာမရ။
အတန်းလိုက်ရှိသော စုံလင်လှသည့်ဆိုင်တန်းများတစ်လျှောက်သွားရင်း တွေ့လိုက်ရသည့် စာအုပ်ဆိုင်ငယ်လေးကြောင့် အပျင်းပြေစာ အုပ်ဝင်ဝယ်ရန်ကြံလိုက်သည်။*ချွင်....*
"မင်္ဂလာပါရှင့်..."
အကြည်ရောင်တံခါးလေးကို တွန်းဖွင့်လိုက်သည်နှင့် နားထဲဝင်လာသည့် ခြူသံလေးနှင့် ကောင်တာရှိမိန်းကလေး၏ နှုတ်ဆက်စကား။
ခေါင်းညိမ့်ကာ ပြုံးပြတော့ ထိုမိန်းကလေးက ဖော်ရွေစွာမေးသည်။
"အစ်ကို ဘယ်လိုစာအုပ်မျိုး လိုချင်လို့လဲ..."
"အာ...ဒီလိုပဲ အပျင်းပြေဖတ်ချင်လို့ ဘာရယ်မဟုတ်ပါဘူး...ရပါတယ် ကျနော်ရှာကြည့်လိုက်မယ်..."
အတန်းလိုက်စီထားသော စာအုပ်စဉ်ကြီးများစွာဟာ ဆိုင်၏အပြင်ပန်းနှင့်ခြားနားစွာခန်းနားမှုရှိသည်။
စာအုပ်တိုက်က ဝန်ထမ်းပေမဲ့ စာအုပ်များနှင့်မရင်းနှီးသည့် ကျနော့်အဖို့ ဘယ်စာအုပ်ကိုကိုင်ကြည့်လို့ ကြည့်ရမည်မသိ။*ချစ်ခြင်းပြတိုက်ငယ်*
အဖုံးပေါ်က အနီရောင်စာသားလေးကို ဖတ်လိုက်ပြီးနောက် ထိုစာအုပ်အဖြူလေးကို ဟိုဒီလှန်ကြည့်လိုက်သည်။
"ငိ...ဈေးများလိုက်တာ..."
စာအုပ်တန်ဖိုးကို ဖတ်လိုက်ပြီးနောက် ကျနော့်လက်တို့ဟာ ခတ်သွက်သွက်စာအုပ်စင်ပေါ်ပြန်ရောက်သွားသည်။
စာအုပ်လေးက နဂိုနေရာအတိုင်း။
![](https://img.wattpad.com/cover/215229412-288-k932903.jpg)
ESTÁS LEYENDO
Guardian(completed)
Romance*Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား *********** *Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား