Zawgyi
စောင့်ရှောက်သူ
နေ့လည်စာအတူစားမည်ဟူသော ပြောစကားအရကျနော်နဲ့အတူ ဟိုတယ်တစ်ခုတွင်ရောက်ရှိနေသော ကလေး၏ဟန်ပန်အမူအယာဟာ
ကြည်ကြည်လင်သိပ်မရှိလှ။"ကလေး...."
"ဗျာ...ဟုတ်"
"စိတ်ညစ်နေတာလား...?"
ထိုသို့ ရင်ထဲရှိသည့်အတိုင်းမေးမြန်းတော့ ကလေးက ပြောစရာစကားရှာမတွေ့သလို ခေတ္တဆွံ့အသွားဟန်။
ထို့နောက်မှ နဂိုကညှိုးငယ်နေသောမျက်နှာလေးက မသိမသာလေးပြုံးပြလာပြီး..."ဟင့်အင်း....ကျနော် ဘာမှမဖြစ်ပါဘူး...."
ခံစားရသမျှကိုဖုံးကွယ်ချင်နေဟန်ရှိသည့် ကလေးက ပိုပို၍ပြုံးပြလာသည့်အခါ အလွန်တရာချစ်စဖွယ်ဖြစ်သော်လည်း အသက်မဝင်သည့်
အပြုံးညှိုးညှိုးသာ။
ကျနော်သိတာပေါ့....။
ဟိုကောင်လေးကို ကလေးအားနာနေမှန်း။
စိတ်မကောင်းဖြစ်တတ်သည့် ဝမ်းနည်းလွယ်သောကလေးက ဖြစ်ခဲ့သည့်ကိစ္စတချို့မှာ သူ့အပြစ်လို့ခံစားနေလိမ့်မည်မှာမလွဲပင်။
သိကျွမ်းရင်းနှီးခွင့်ဟာ ကြာရှည်သည့်အချိန်အတိုင်းအတာ မဟုတ်သော်ငြား အဖြူထည်ချန်းယောလ်လီ
၏ခံစားမှုမှန်သမျှဟာ စာရွက်
ဖွေးပြောင်ပြောင်ထက်က မှင်စက်ကဲ့သို့ထင်ရှားသည်။
ထို့ကြောင့် လူ့လောကကြီးဝယ် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ကာ လူစုံသက်စုံနှင့်တွေ့ကြုံခဲ့ရဖူးသည့် ကျနော့်အဖို့ လူကဲခတ်ရခြင်းဟာ ခက်ခဲသည့်အရာမဟုတ်ပေ။"အိုဆယ်ဟွန်းရှီ...ကျနော် တကယ်အဆင်ပြေတာမို့ စားပါ"
စိုးရိမ်ကြီးသည်မို့ စားစရာကိုမေ့ကာငေးကြည့်နေမိသည့်အခါ ကလေးထံမှသတိပေးစကား။
"ကိုယ်တို့တစ်နေရာ သွားကြရင်ကောင်းမလား....?"
"ဟင်....?အားမှမအားတဲ့ဟာ"
ပြူးကြောင်ကြောင်လေးမော့ကြည့်ရင်း ဆိုပုံကအသည်းယားဖွယ်အကောင်းဆုံး။
"ခွင့်ယူလိုက်ရင် ဖြစ်တာပဲ"
တကယ်ပါ။ကျနော်ဆိုတာ ကလေးနဲ့အချိန်တိုင်အတူရှိနေတာတောင်
စက္ကန့်မလပ်အနားကပ်နေချင်တာမျိုး။

YOU ARE READING
Guardian(completed)
Romance*Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား *********** *Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား