သူနဲ့ဆုံတဲ့ကမ္ဘာလေး-၁၈

996 156 26
                                    

Zawgyi

စောင့်ရှောက်သူ

တမှိတ်မှိတ် တဖြတ်ဖြတ်လင်းလတ်နေသည့် ညဈေးတန်း၏မီးလုံးလေးများဟာ လမ်းကြားငယ်တစ်လျှောက် ခတ်ဝါးဝါးသာမြင်ရပေမဲ့
ချန်းယောလ်လီလေးတစ်ယောက်ကတော့ ကျနော့်လက်ကိုဆွဲလို့
တတောက်တောက်နဲ့သွားနေလိုက်တာများ ဘဲပေါက်လေးပမာ။
ညဈေးတန်းလည်ချင်သည့် သူ့ဆန္ဒအရ ကျွန်တော်တစ်သက်နှင့်တစ်ကိုယ် တိုးကျိတ်ကာမလာဖူးခဲ့ရသည့် လူရှုပ်ရှုပ်၊ဆူညံညံဈေး
လမ်းကြားထဲသို့ ရောက်ရှိနေခဲ့ရလေပြီ။
ဒါဟာလည်း ချစ်ရသူလေး သဘောဆန္ဒအတိုင်း မညီးမညူ။

"ချန်းယောလ်လီလေး...ကလေး ဘာရှာနေတာလဲ....?"

"ကျနော်စားနေကျ ဝက်စတူးဆိုင် ရှာနေတာ..."

ဘေးဘီရှိဆိုင်များမျက်စိဆွေကြည့်လျက် ရှေ့တူရူသို့သာဦးတည်
သွားနေသည့် ကလေးပေါက်ဟာ ကျနော့်လက်ကိုလည်း မလွှတ်တန်းဆွဲထားရက်သား။

"ဆိုင်များပြောင်းသွားသလားပဲ...?"

တတွတ်တွတ်ရွတ်တဲ့ကလေးဟာ မျက်လုံးဝိုင်းကြီးတွေနဲ့သူလိုသည်ကိုသာရှာလို့။
ထိုအချိန်များ*အိုဆယ်ဟွန်း*ဆိုပြီးအနားမှာလူတွေပြုံလာ
လျှင်သေရချည်သေးရဲ့။
တော်သေးသည်က ညမှောင်တာရော ကိုယ်စီကိုယ်ငှအာရုံများနှင့်အလုပ်ရှုပ်နေကြသော လူအုပ်ကြီးဟာကျနော့်အားသတိထားမိပုံပင်မရ။

"အော...အော ဟိုမှာ...!"

ချောင်ကျကျ ဆိုင်လေးကိုလက်ညှိုးထိုးလို့ ခတ်သွက်သွက်သွားတဲ့ကလေးမျက်နှာလေးဟာ လတ်ကနဲ။
ချစ်ဖို့ကောင်းနေမှုကတော့ ဘာနဲ့မှကိုနှိုင်းမရလောက်တော့အောင်ပင်။

လူအတော်များများပြည့်ကျပ်နေသည့်ဆိုင်မို့ လူအုပ်ကြားထဲတိုးကျိတ်ဝင်သွားသည့် ကလေးခေါ်ရာနောက် ကျနော့်မှာတကောက်ကောက်။
ပြဿနာပေ။ကျနော်က ထိုသို့လူရှုပ်နေလျှင်အဆင်ပြေတတ်သူမဟုတ်။

"ကလေး...လူအရမ်းများတယ်...တခြားဆိုင်သွားစို့လေ"

"ကျနော်က ဒီဆိုင်မှာပဲစားနေကျ...တခြားဆိုင်က ဈေးကြီးတယ်"

ရော်...ကလေးရယ်။
ဈေးကြီးလည်း ကိုယ်မညိုမညင်ရှင်းပါ့မယ်။

Guardian(completed)Onde histórias criam vida. Descubra agora