Final

1.5K 137 31
                                        

Zawgyi

စောင့်ရှောက်သူ

လေတဖြူးဖြူ တိုးဝှေနေတဲ့ ကမ်းခြေနယ်မြို့လေးတစ်ခုရဲ့တိုက်ပုလေးမှာ နှစ်ဦးသားပြောင်းရွှေ့နေထိုင်ခဲ့တာ ခြောက်လကျော်ခုနစ်လ
ထဲရောက်ခဲ့ပြီ။

ချန်းယောလ် အသက် လေးဆယ့်ခြောက်နှစ်မှာ ဆယ်ဟွန်းလုပ်ငန်းမှန်သမျှ ဂျုံအင့်လက်ထဲလွှဲအပ်လို့ အေးချမ်းတဲ့ဘဝလေးမှာ အတူရှင်သန်ဖို့ နှစ်ဦးသဘောတူဆုံးဖြတ်ချက်ချခဲ့ကြတယ်။
ဂျုံအင်က လိုအပ်သမျှ မချွင်းမချန်ပို့ပေးလေ့ရှိတာမို့ နှစ်ဦးသားလုံးအလုပ်ဟူ၍မယ်မယ်ရရမရှိ။

ခြံထဲမှာ အပြင်းပြေပန်းလေးတွေစိုက်တတ်တဲ့ ချန်းယောလ်ကနောက်ဆုံးပျိုးဥယျာဉ်လေးလုပ်ဖို့အကြံရတာနဲ့ ဆယ်ဟွန်းက နေ့မဆိုင်းပဲ ခြံကြီးထဲပျိုးဥယျာဉ်ဖြစ်အောင်ဖန်တီးပေးပြန်တယ်။
အပင်တွေစိုက်လိုက် ခြံမှာလာဝယ်သမျှ ဈေးဝယ်တွေကိုဖော်ဖော်ရွေ
ရွေဆက်ဆံပြီးရောင်းတတ်တဲ့ ဦးလေးကြီးကို တစ်ရပ်ကွက်လုံးကလူကြီးလူငယ်မရွေး သဲသဲလှုပ်ချစ်ကြတယ်။
ပါးချိုင့်ကြီးထင်းနေအောင်ပြုံးရင်း ပန်းတွေစိုက် ပန်းတွေရောင်းတဲ့ချန်းယောလ်ကို ဦးဦးချောချောလို့ တချို့ကလေးတွေစကြနောက်ကြသေးတဲ့အခါ နှုတ်ခမ်းကြီးဆူပြီး စိတ်ကောက်တတ်တဲ့ ဆယ်ဟွန်းကို
ချန်းယောလ်ချော့ရသေးတယ်။

"ဦးဦးတူလေးက အရမ်းချောတာပဲ သမီးတို့ကိုတူမတော်ပါလား"
ဆိုပြီး ဆယ်ဟွန်းကိုလာလာချိတ်ချင်တဲ့ မိန်းကလေးတစ်သိုက်ကပန်းဝယ်ဖို့ထက် လူလာချောင်း
တာက များတယ်။
အဲ့ဒီအခါ အိမ်ထဲဝင်ပြီး မှန်ရှေ့မှာငိုငိုသွားတတ်တဲ့ ချန်းယောလ်ကိုဆယ်ဟွန်း မလတ်တမ်းဖက်ထားရင်း အချစ်တွေပိုပေးတယ်။

အသက်တစ်နှစ်ကြီးလာတိုင်း ပိုပိုပြီးဝမ်းနည်းလွယ်လာတဲ့ ချန်းယောလ်ကို ဆယ်ဟွန်း ပိုပိုပြီးချစ်ပေးလာမိတယ်။

အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ ပစ္စုပ္ပန်တိုင်းမှာ ချန်းယောလ်ကိုဆယ်ဟွန်း ရူးမတတ်ချစ်တယ်။

************************

ချန်းယောလ် အသက်ခြောက်ဆယ့်ငါးနှစ်။
တစ်စတစ်စကနေ တစ်ခေါင်းလုံးနီးပါး ဖွေးဖြူလာတဲ့ ဆံစနုနုတွေနဲ့ အရင်ကပါးဖောင်းအိအိလေက အခုတော့ပါးရည်တွေခတ်တွန့်တွန့်။
နုံချာလာတဲ့ ခန္ဓာကိုယ်နဲ့အတူ အမြင်အာရုံကလည်းမွဲလာတာမို့
ပန်းပင်တွေကိုပြုစုတိုင်း မကြာခဏထိခိုက်မိတတ်တယ်။
အပင်ဆူးတွေဆူးလို့ အဆူးထွန်ပေးရပေါင်းလည်း မနည်းပေမဲ့ဆယ်ဟွန်းဘယ်တော့မှ မညည်းငွေ့ပြန်ဘူး။

Guardian(completed)Tempat di mana cerita hidup. Terokai sekarang