အခန်း / ၁၄(z&u)

1.2K 106 12
                                    

""""""""""""""""""""

တရေးနိုးထစမ်းမိတဲ့ တစ်ဖက်အိပ်ယာဟာ
အရင်လိုနွေးထွေးတဲ့ခန္ဓာကိုယ်လေး
မရှိတော့တာကြာပြီ..
အဲ့လိုနဲ့ပဲ တရေးနိုးထပြီးဆေးလိပ်သောက်တဲ့
အကျင့်လည်းသူ့မှာရလာခဲ့ရောပဲပေါ့...

ကိုကိုရှိနေစဉ်တုန်းက
သူအိပ်ပြီးမှသာ ဝင်အိပ်တတ်တဲ့ကိုကို့
ကြောင့် စောစောအိပ်တဲ့အကျင့်
ရလာခဲ့တယ်....

အကျိုးဆက်က တရေးနိုးမှာ အိပ်ရေးဝ
သလိုဖြစ်လာတော့တာပဲ
အိပ်ပျော်နေတဲ့ကိုကို့ကိုကြည့်
မျက်နှာလေးကိုဖွဖွထိခတ်ရင်းနဲ့
အဲ့အချိန်ကသူ့အတွက်အပြည့်စုံဆုံးပဲ...

သူနဲ့ထိဖို့ မလိုလားတဲ့ကိုကို့ကို
မထိမိအောင်ထိန်းထားဖို့ကဘယ်လောက်တောင်ခက်ခဲလိုက်လဲ...
အိပ်နေတဲ့အချိန်လေးမှသာစိတ်ကြိုက်
အသားယူနိုင်တာမို့ နေ့ရက်တိုင်းကို
စောစောအိပ်ယာဝင်မိတော့တယ်....

ဒါပေမယ့် အခုကျတော့ရော....
ညဆိုတော်တော်နဲ့မအိပ်နိုင်ပါပဲ
တရေးနိုးတဲ့အချိန်ကတော့ပုံမှန်လွန်းလှ
တယ်...
ဒီအချိန်မှာ ကိုကို့ကိုမထိရမှတော့
သူထိလို့ရတဲ့ဆေးလိပ်ကိုပဲ
နာနာဖွာနေမိတော့တာလေ....

Phi သာသိရင်အဆူခံလိုက်ရမယ့်ဖြစ်ခြင်း
သူဆေးလိပ်သောက်တာကို
ပြင်းပြင်းထန်ထန်ကိုတားမြစ်ထားတာမို့
ဆေးလိပ်ဘူးနဲ့မီးခြစ်ကိုဖွက်ထားရသည့်
အဖြစ်

ဆေးလိပ်တိုကိုအိမ်သာထဲရေဆွဲချလိုက်
ပြီး အိမ်သာခွက်ပေါ်တက်ထိုင်နေလိုက်တယ်..
ပွဲပြီးထဲက နေမကောင်းဖြစ်နေတာမို့
အရင်လိုအိမ်မှာပဲငြိမ်နေရတယ်...
ချူချာလွန်းသည့်ကိုယ်ကိုလည်း
အားမရတော့...

ဆရာဝန်ရဲ့
!! စိတ်ကိုမပင်ပန်းစေနဲ့...စိတ်အေးအေးထား ကောင်းကောင်းအနားယူ
စိတ်ညစ်စရာမတွေးနဲ့.....!!

ဆိုတဲ့စကားကလည်း အပ်ကြောင်းထပ်
နေပြီ....
ဘယ်သူက စိတ်ပင်ပန်းချင်မှာလဲ...
ဒီအတိုင်း သူ့ဆီရောက်ရောက်လာတဲ့
နာကျင်စရာတွေကို ဘယ်သူကမှ
ကြားဖြတ်မတားနိုင်ပဲ...

တကယ်တော့ ကိုကိုရောက်လာမလားလို့
မျော်လင့်မိတဲ့သူက မှားတာ...
အသက်နဲ့ရင်းပြီး ခေါ်ခဲ့တာကိုတောင်
မလာတဲ့ကိုကိုက
ဘာမဟုတ်တဲ့ဖွင့်ပွဲလေးအတွက်
ရောက်လာပါမတဲ့လား...

Rewrite the StarsNơi câu chuyện tồn tại. Hãy khám phá bây giờ