"""""""""""""""""""""""
စားသောက်ဆိုင်တစ်ဆိုင်ရဲ့သီးသန့်အခန်းကျယ်ထဲ
နာမည်တောင်မကြားလိုသူနဲ့နှစ်ယောက်ထဲ အတူရှိနေရတယ်ဟန်ဆောင်ပြုံးလား...
တကယ်ပဲ နှစ်နှစ်ကာကာပြုံးနေသလား
ဆိုတာ ကျွန်တော်မသိဘူး...တခြားလူတွေအတွက်နှစ်လိုဖွယ်ကောင်းနေမယ့် Jade ရဲ့အပြုံးတွေက
ကျွန်တော့အတွက်တော့ အော့အန်ချင်စရာပဲ" ငါ့ကိုဒီလိုပဲကြည့်နေတော့မှာလား
Kit မင်းကြည့်နေတာကိုကြိုက်တယ်ဆိုပေမယ့်လည်းဒီလိုကြီးကြည့်နေတော့
နည်းနည်းတောင်ရှက်လာာပြီ...''စနောက်သံအပြည့်နဲ့ စကားကတကယ်မရှက်ဘူးဆိုတာကိုဖော်ပြနေတယ်...
" ငါ...ဒီကောင်လေးကိုလိုချင်တယ်....''
"Oh....အဲ့ဒါကငါ့အကြိုက်လေ
မင်းကြိုက်တဲ့ပုံစံက Phi Singto နဲ့
တူရမှာမလား...''ဖုန်းထဲကဓာတ်ပုံရဲ့ပါးချိုင့်နေရာကို
လက်ညိုးနဲ့ထောက်ပြရင်း
ရယ်ဟဟပြောလာတယ်"မင်းကြိုက်တဲ့ဈေးတောင်း...''
"Austin က ငါ့အတွက် ငါ့ Ent က Artist ဆိုတာထက်ပိုတယ်...
ငါဘယ်လိုလုပ်ပြီးမင်းကိုပေးနိုင်ပါ့မလဲ..
တကယ်လို့ သူ့နေရာမှာ မင်းအစားထိုး
ပေးနိုင်မယ်ဆိုရင်တော့..........
ငါစဉ်းစားပေးမယ်...''ဒေါသထွက်စရာစကားလုံးတွေရဲ့
အဆုံးသတ်မှာ ဘာစကားမှထပ်မပြောတော့ပဲထွက်လာခဲ့လိုက်တယ်မနည်းမျိုချထားရတဲ့ ဒေါသတရားတွေက
သူ့အသားတွေပါတဆတ်ဆတ်တုန်စေတဲ့အထိ..."ဘယ်လိုလဲ...သဘောမတူခဲ့ဘူးမလား..''
သီးသန့်ခန်းရဲ့အပြင်ဘက်မှာစောင့်နေခဲ့တဲ့ Phiက သူ့ကိုမြင်မြင်ချင်းမှာပဲပြောလာတယ်...
ဘာစကားမှပြန်မပြောပဲ ဆိုင်အပြင်ကိုသာ
တန်းထွက်လာလိုက်ပြီး ကားထဲဝင်ထိုင်နေလိုက်တယ်..သူလိုချင်သမျှအရာတိုင်းကဘာလို့ခက်ခဲရသည်လဲ..
" ကိုကို့ဆီသွားမယ်...''
ကိုကို့ကိုတွေ့လိုက်ရင်တော့ သူအဆင်ပြေသွားမယ်ထင်တာပဲ...
တခြားဘယ်အရာကိုမှမပိုင်ဆိုင်ရရင်တောင် ကိုကိုကတော့....
ကျွန်တော်လိုချင်ပိုင်ဆိုင်ချင်မိတဲ့
ခြွင်းချက်လေး....
KAMU SEDANG MEMBACA
Rewrite the Stars
Fiksi Penggemarကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...