အခန်း / ၄၁(z&u)

874 84 23
                                    

"""""""""""""""

စကားတစ်ခွန်းကိုသာအခိုင်အမာဆိုနေတဲ့ကောင်လေးကို Nammon ဘယ်လိုဖြောင့်ဖျရမယ်မသိတော့ပေ..
ကျောင်းတက်ဖို့တစ်နှစ်ပဲကျန်ကာနေမှဆက်မတက်ချင်တော့ဘူးဆိုလာသည်
ကျောင်းဆက်မတက်ချင်ရတဲ့အကြောင်းအရင်းကဘာတွေများလဲ..

သူ့အတွေးကတော့ Kit ကိုကျောင်းသွားတက်တာအကောင်းဆုံးလို့ပဲတွေးထားသည်
ဒီမြေမှာနေလျှင် တစ်နေ့မဟုတ်တစ်နေ့Singto နဲ့တွေ့နိုင်သည်မဟုတ်ပါလား...

"Austin လည်းကျွန်တော်နဲ့အတူကျောင်းလိုက်ရတာပျင်းမှာပဲ..ကျွန်တော်လည်းပျင်းလာပြီ အသက်ကြီးမှကျောင်းတက်ရတာတကယ်စိတ်ညစ်ရတယ် Phi ရ..''

နှစ်ဆယ့်ရှစ်နှစ်ပြည့်တော့မယ့်Krist အတွက် စာလုပ်ရသည်ကတကယ်ကိုစိတ်ညစ်ဖို့ကောင်းလာတာကိုယ်တိုင်အသိ..
အစကတော့ ထိုင်းမှာနေရင်စိတ်ညစ်စရာတွေပဲတွေးနေမိတာမျိုးမို့ တခြားနေရာမှာစိတ်အပြောင်းအလဲဖြစ်ချင်ရုံပဲဖြစ်သည်...
ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့မှာပြန်လာရမယ့်အတူတူခုထဲကအလုပ်တွေမှာဝင်လေ့လာနေတာကပိုကောင်းမည်..

သူ့စိတ်ကူးကိုPhi လက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေသူကတော့ဆုံးဖြတ်ထားပြီးပြီ..
ထိုင်းမှာပဲနေမည်
အလုပ်ဝင်မည်
ပြီးတော့ လူတစ်ယောက်ကိုရှာမည်..

"ဟုတ်ပြီလေ...မင်းမသွားချင်တော့ဘူးဆိုရင်လည်းပြီးတာပါပဲ....''

နောက်ဆုံး မှာတော့လက်ခံလိုက်ရတဲ့Nammon ဟာ Krist ကို  Bangkok မှာ နေလို့မဖြစ်သည့်အကြောင်းပြချက်ရှာရုံသာရှိသည်
မတွေ့ဖြစ်ကြဘူးဆိုသည့်တိုင် Singto Bangkok ရောက်ရောက်လာတတ်တာသူသိသည်..

Kohk Rai ဘက်မှာ ပန်းခင်းကြီးနဲ့နေထိုင်သည်ဆိုတာလည်းသူသိသည်..
ထို့အတွက် Krist ကိုတခြားတစ်နေရာပို့လိုက်ရူံသာ...

တိုးချဲ့ထားတဲ့လုပ်ငန်းတွေကြောင့်
ထိုင်းနိုင်ငံရဲ့မြို့ကြီးတွေတော်တော်များများမှာကုမ္မဏီခွဲတွေရှိနေပြီးသား...

ထိုမြို့တွေထဲကတစ်မြို့ကိုပို့ပေးလိုက်ရုံပင်..
အရေးကြီးဆုံးက Kit နဲ့  Singto မတွေ့မိကြဖို့ပဲလိုသည်

Rewrite the StarsOnde histórias criam vida. Descubra agora