အခန်း / ၅၃

462 39 12
                                    

"""""""""""""""""

အပြိုပြိုအလဲလဲဖြစ်နေကြတဲ့လူနှစ်ယောက်နဲ့ ဆေးရုံခန်း....
Jade က ကြမ်းပြင်ပေါ်ပြန့်ကြဲနေတဲ့စာရွက်တွေဓာတ်ပုံတွေကိုကောက်ယူကြည့်နေခဲ့ပြီး
Nammon ကတော့ အသက်ရှူသံခပ်ပြင်းပြင်းနဲ့ အေးစက်တဲ့ကြမ်းပြင်ပေါ်စိတ်ပျက်လက်ပျက်ထိုင်နေဆဲ...

Sing တစ်ယောက်ကသာ...
အသက်ရှင်ချင်စိတ်ကင်းမဲ့နေတဲ့ပုံစံမျိုးနဲ့နံရံဖြူဖြူကိုမှီတွယ်ထားလေရဲ့......
သူ့မျက်နှာပေါ်ကမြင်မကောင်းလောက်အောင်ဖြစ်နေတဲ့ဒဏ်ရာတွေကတဖြည်းဖြည်းနဲ့ကြွတက်ဖူးယောင်လာခဲ့ပြီ..
သူကိုယ်တိုင်ကတော့နာကျင်မှုဆိုတာတစ်စွန်းတစ်စိမှရှိမနေတဲ့လူလိုမျိုးပဲ.....
သူ့ရဲ့အူထဲအသည်းထဲကဆွဲဆုပ်ညှစ်ထားသလိုနာကျင်မှုက ပိုနေလို့လည်းဖြစ်နိုင်တယ်...

ဘယ်လိုတောင်မိုက်မဲခဲ့တာလဲ....
သူ့ရဲ့ဆိုးဝါးစွာတုံးအလွန်းတဲ့မိုက်မဲမှုကချစ်ရသူကိုသေလမ်းဆီတွန်းပို့မိခဲ့တယ်...
ဘာမှသောက်ရေးမပါတဲ့အကြောင်းအရင်းနဲ့ သူက ချစ်ရသူကိုလျစ်လျူရှူခဲ့တယ်.....
တောင်းပန်ပါတယ် ဆိုတဲ့စကားတစ်ခွန်းတောင်သူ့ပါးစ ပ်က ထွက်ဖို့မထိုက်တန်တော့ဘူး...
Nammonရဲ့ဒေါသတွေကိုသာသူ့အပေါ်ကိုပုံချခံချင်မိတော့တယ်...
ထိုးစမ်းပါစေ ရိုက်စမ်းပါစေ....
ဒီလိုနည်းနဲ့ပဲသူ့အမှားတွေအတွက်ပေးဆပ်လိုက်ချင်တော့တယ်..

"မင်း ......မင်းက Ai Kit ကိုလက်ထပ်လိုက်ရတာကို ကံဆိုးတယ်လို့အမြဲထင်နေခဲ့တာမလား....''

".......''

"Singto.....မင်း ငါတို့အိမ်ကို စရောက်လာထဲက Kit အတွက် ကံဆိုးနေခဲ့တာကွ....မင်း နားလည်လား....''

ရူးရူးနှမ်းနှမ်းအလုပ်တွေလုပ်ခဲ့တဲ့ကောင်လေးဟာ Singto ကိုပိုင်ဆိုင်လိုမှုတစ်ခုထဲ....
အမုန်းတွေခံယူနေရင်းနဲ့ပဲ အမှားတွေတစ်ခုပြီးတစ်ခုဆက်လုပ်နေခဲ့တယ်...
တစ်နေ့နေ့မှာတော့ သူ့ကိုကိုဟာသူ့ကိုနားလည်ပြီးချစ်လာလိမ့်မယ်ဆိုတဲ့မျော်လင့်ချက်လေးတစ်ခုနဲ့ သူချစ်တဲ့ကိုကို့အနားကအရှုပ်တွေကိုဖယ်ရှားပစ်ခဲ့တယ်...

အဆုံးမှာတော့ဘာရခဲ့သလဲ....

ဥပေက္ခာတွေပဲမဟုတ်ဘူးလား...

Rewrite the StarsDonde viven las historias. Descúbrelo ahora