"""""""""""""
လှစ်ဟာနေသလိုခံစားမှု....
ဟုတ်တယ်...
ဒီခံစားချက်ကြီးကလှစ်ဟာနေတာ..
မပြည့်စုံတာ...
လိုအပ်နေတာ...သူလက်ရှိခံစားနေရတဲ့ခံစားချက်ကြီးကိုပြတ်ပြတ်သားသားသိနေပေမယ့်လည်း...
သူမသိတာက
သူဘာကိုလိုအပ်နေတာလဲ ..."တရေးတမောအိပ်လိုက်ဦး...အိပ်ရာထမှရေချိုးလိုက်...''
"ဟုတ်ကဲ့ Phi...''
သူ့အဝတ်အစားတွေကိုနေရာချနေတဲ့ Phi က အရင်အတိုင်းပဲ...
သူ့ကိုဆို ကလေးတစ်ယောက်လိုဂရုစိုက်ပေးနေတုန်း...ကြည်ပြာရောင်အောက်ခံပေါ် အဖြူရောင်အပွင့်သေးလေးတွေပါတဲ့ အိပ်ယာပေါ် ပစ်လှဲလိုက်ပေမယ့်
စိတ်အလိုမကျဖြစ်မိနေဆဲ...တစ်ခုခုလိုနေတယ်...
""""""""""""""""""
"Jade..မင်းဘာလာလုပ်တာလဲ..''
"အမ်..မင်းကိုလာတွေ့တာလေ..''
" ငါ့ကိုလား Aus ကိုလား...''
"သေချာပေါက် မင်းကိုပေါ့...ပြီးတော့..Aus ကိုရောပဲပေါ့...မင်းတို့ကိုမတွေ့ရတာဘယ်လောက်တောင်ကြာနေပြီလဲ..''
"အပိုတွေ...''
ဟုတ်တယ်..
ဒီကောင်က ဒီလိုအပိုတွေလုပ်တဲ့နေရာမှာဆရာကြီးပဲ...သူတို့ရှိနေတဲ့တိုင်းပြည်ကို တစ်လနှစ်ခေါက်လောက်ရောက်လာနေတဲ့လူက မတွေ့ရတာကြာပြီဆိုတော့ Phi နဲ့သူ့လိုတစ်နှစ်မှတစ်ခါသာတွေ့ရရင်တော့ မနည်းပဲ...
"မင်း မနက်ဖြန်သွားဖို့ပြင်ဆင်ထားပြီးပြီလား...''
"အင်း...ထူးထူးခြားခြားပြင်ဆင်ထားစရာမှမလိုပဲ..''
"ဒီနှစ် ငါနဲ့Aus ရောအတူလိုက်ခဲ့လို့ရမလား..''
"မလိုက်ခဲ့နဲ့...''
တစ်ချက်လွတ်စကားအောက်မှာ
နာခံရုံကအပြင်မရှိ...ဟိုအရင်ထဲက သူ့ကိုဆို Kit ကငယ်နိုင်ပဲမဟုတ်လား...
" ဒါဆို မင်းတစ်ယောက်ထဲသွားမှာလား..
ငါနဲ့Aus လိုက်ပို့မယ်လေ..''"နေစမ်းပါကွာ...ကိုယ့်ဟာကိုယ် အချိန်ကောင်းလေးတွေဖန်တီးနေစမ်းပါ....''
DU LIEST GERADE
Rewrite the Stars
Fanfictionကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...