""""""""""""
ခရီးသွားရမယ့်ရက်ကအလျင်အမြန်ပဲကျရောက်လာတယ်..
နဂိုက Phi ကိုပဲသွားခိုင်းဖို့စဉ်းစားခဲ့ပေမယ့်အဆုံးမှာတော့သူကိုယ်တိုင်သွားရဖို့ဖြစ်လာခဲ့တယ်...
ကံဆိုးချင်လာတော့ သူနဲ့အတူခေါ်သွားမယ့်လက်ထောက်ကသူ့ဇနီးကလေးမွေးတာမို့ ခွင့်ပေးလိုက်ပြီး မလိုက်လာနိုင်ပြန်ဘူး....ဘယ်လိုတောင်ကံဆိုးတာလဲ....
သုံးရက်လောက်ကြာမယ့်ဒီခရီးမှာ သင့်တော်မယ့်အကူလက်ထောက်တစ်ယောက်ကိုရွေးလိုက်ပေမယ့်လည်း သူ့စိတ်တိုင်းကျတော့မဟုတ်ပေဘူး..
ဒါပေမယ့်လည်း ဘာတတ်နိုင်မှာလဲ..."ကိုယ် လိုက်ခဲ့လို့ရမလား...''
အဝတ်တွေထည့်ပေးရင်းနဲ့ပဲစိတ်မကြည်လင်နေပုံရတဲ့ ကောင်လေးကို
ခွင့်တောင်းသလိုပြောလိုက်တယ်...ကုတင်ပေါ်မှာ Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ကောင်လေးကတော့သူပြောတာကြားရဲ့လား Sing မသိပေ...ဒီနေ့မှ အချိန်ကိုက်ထားသလို စိုက်ခင်းထဲကအသီးအရွက်တွေနဲ့ပန်းတွေလာပို့ရင်း ကလေးငယ်ယူသွားမယ့်အဝတ်အစားတချို့ကိုသူကိုယ်တိုင်ထည့်ပေးခွင့်ရခဲ့တယ်...
ကလေးငယ်ရဲ့စိတ်ထဲမှာသူကဘယ်နေရာမှာရှိနေသလဲသူမသိဘူး..
သူ့ကိုပုံမှန်အတိုင်းသာဆက်ဆံပြီး
အရေးတယူလုပ်တာမျိုးမရှိပေမယ့် သူ့မသိစိတ်ထဲမှာတော့ ကလေးငယ်ကနေရာတစ်ခုပေးထားတယ်ဆိုတာခံစားမိနေတယ်......ဟိုအရင်ကလို အချစ်အတွက် ဆတ်ဆတ်ထိမခံဖြစ်တတ်တဲ့ကောင်ငယ်လေးစရိုက်ကလည်း ချစ်စရာဆိုပေမယ့်...
အချစ်ကိုအလေးမထားတဲ့ခုလိုပုံစံက သူ့က်ုပိုစိတ်သက်သာရာရစေတယ်လို့ဆိုရမလားပဲ...ကလေးငယ်က သူ့ကိုမချစ်ဘူးဆိုလည်းရတယ်..
ချစ်လာအောင်သူကကြိုးစားမှာမို့...ကျေနပ်စရာပါပဲ....
"ဟိုကောင် Jade ကျွန်တော်မရှိတဲ့ရက်အတွင်းမှာ Austin ကိုရှာမတွေ့နိုင်လောက်ပါဘူးနော်...''
ထင်တဲ့အတိုင်းပဲ...
Krist ရဲ့စိတ်တွေကတခြားတစ်နေရာမှာ"သူ မခန့်မှန်းမိလောက်ပါဘူး..Austin သာ အပြင်မထွက်လာရင် ရှာတွေ့ဖို့ကလည်းမဖြစ်နိုင်ဘူး...''
ŞİMDİ OKUDUĞUN
Rewrite the Stars
Hayran Kurguကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...