""""""""""""""""
" Design ဋ္ဌာနက Khun Pai ကိုနူတ်ဆက်တဲ့ပွဲလေးလုပ်ပေးမလို့တဲ့...
ရောက်လာမယ့်လူသစ်ကိုလည်းကြိုဆိုပွဲလုပ်ရင်းနဲ့ပေါင်းလုပ်မလို့တဲ့... MD
ကိုတက်ပေးနိုင်မလားလို့ မေးလာတယ်..''"ဟုတ်လား...Krist ကိုမေးကြည့်လိုက်ဦးမယ်...''
ဘာမှအရေးမကြီးတဲ့ကိစ္စလေးတစ်ခုကိုပင် ကိုယ်တိုင်မဆုံးဖြတ်နိုင်တော့လောက်အောင်ဖြစ်ပျက်နေတဲ့ MD ကို တရားကျစွာနဲ့သာကြည့်နေရတော့တယ်...
နေ့လည်စာစားချိန်ဆိုလည်း"Krist ဘာစားချင်လဲ..... ''
ဆိုပြီးဖုန်းဆက်မေးလိုက်ရတာနဲ့...ရုံးဆင်းချိန်ရောက်ရင်လည်း...
"Krist ကိုယ်လာကြိုရမလား..
ဘယ်နားမှာစောင့်နေရမလဲ....''မေးလိုက်ရတာနဲ့...
မယက ဂိုဏ်းဝင်ဖြစ်မှန်းမသိဖြစ်လာခဲ့တဲ့
MD ကို ဘယ်သူမှကယ်တင်နိုင်မယ်မထင်တော့ဘူး..."နေ့လည် တစ်နာရီလောက်ကိုဘာအလုပ်ရှိလဲ
ကြည့်ပေးဦး Fait...''" Krabi Resort ကိုတာဝန်ယူထားတဲ့ chief
Engineer နဲ့ချိန်းထားတာရှိပါတယ်
MD...''"အရေးကြီးကိစ္စမရှိရင် နောက်အပတ်မှထပ်ချိန်းလိုက်...
နေ့လည်သွားစရာရှိလို့...''"ဟုတ်ကဲ့ MD...''
တစ်နေ့စာအလုပ်ကိုတစ်နေ့ပြီးပြတ်အောင်လုပ်ဆိုတဲ့
စည်းကမ်းကြီးတဲ့ MD က
အလုပ်ကိုနောက်ရွှေ့လိုက်တယ်ဆိုတာ
မယုံချင်စရာ...ဘယ်လောက်အရေးကြီးတဲ့နေရာများသွားရမှာမို့တဲ့လဲ...
သိချင်လွန်းပေမယ့်လည်း သူနဲ့မဆိုင်တဲ့အလုပ်မို့ ခပ်မဆိတ်သာနေလိုက်ရတယ်...
MD ရဲ့ဆောင်ပုဒ်ကိုက အလုပ်များများလုပ် စကားနည်းနည်း ပြော
ဆိုတာမျိုး...ဒါပေမယ့် နေ့လည်တစ်နာရီမတိုင်မီမှာပဲ
သူသိချင်နေတဲ့ကိစ္စကိုသိလိုက်ရတော့တယ်...ရုပ်ရှင်ကားကောင်းကောင်းရှာပေးဖို့နဲ့
လက်မှတ်ဘွတ်ကင်လုပ်ထားဖို့အမိန့်ပေးလိုက်တဲ့ MD ကြောင့်ပဲပေါ့...
ESTÁS LEYENDO
Rewrite the Stars
Fanficကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...