""""""""""""""""""""""ကျောက်ဖယားမြစ်ကိုဖြတ်တိုက်လာသည့်လေသည် အေးမြလတ်ဆတ်လွန်းသည်
အနံ့ပေါင်းစုံရောပြွန်းနေတဲ့
နွေးထွေးတဲ့လေထုကိုသာ အမြဲတစေရှူရှိုက်ခဲ့ရလို့လားမသိ...သစ်ပင်တွေရဲ့ရနံ့တွေပါဝင်နေတဲ့
လေအေးအေးက နောက်ကျိနေတဲ့စိတ်ကိုအနည်းငယ်တော့ကြည်လင်သွားစေသယောင်..." ဒီနေရာကိုမကြာခဏလာသင့်တယ်ထင်တယ်..ကျွန်တော်ကြိုက်တယ်...''
"ဆရာဝန်ကမင်းကိုများများအနားယူဖို့ပြောထားတယ်...မင်း သွားချင်ရင် Krabi ဘက် ခရီးထွက်ကြမလား..''
နှစ်ယောက်အတူ ကားကိုမှီထားကြတာမို့
သူစောင်းကြည့်လိုက်တော့
Phi လည်းမြစ်ရေပြင်ကိုသာငေးကြည့်နေလေတယ်..."Phi...အရမ်းပင်ပန်းတယ်မလား...
ကျွန်တော်နဲ့အတူရှိနေပေးရတာကလေ..''"အပိုတွေ...''
တမင်သက်သက် နူတ်ခမ်းကို ရွဲ့ပြလိုက်ပြီး Kit ရဲ့လက်မောင်းကိုလက်သီးနဲ့အသာထိုးလိုက်တယ်..
"နာတယ် Phi ရ...''
အမူပိုစွာပြောခြင်းဖြစ်ပေမယ့်
တကယ်နာသွားမလားစိုးရိမ်မိတာတော့အမှန်...ပိုးမွေးသလိုမွေးခဲ့ရခြင်းတော့မဟုတ်ပေမယ့် အရိပ်တကြည့်ကြည့် တော့လုပ်ခဲ့ရတာအမှန်ပါပေ...
အသက်ကြီးမှရခဲ့တဲ့ညီငယ်လေးပဲမလား..
တစ်ခါတစ်ခါတော့သူတွေးမိတယ်
သူသာမွေးစားမခံခဲ့ရရင် Kit နဲ့တွေ့နိုင်ခဲ့ပါ့မလားလို့...အသက်ကြီးမှမွေးစားခံရတယ်ဆိုတာ
သူတို့ဂေဟာမှာရှားပါးအဖြစ်အပျက်ပဲ..
ဘာကိုကြည့်ပြီးယုံကြည်ခဲ့ကြမှန်းမသိပေမယ့် Kit ကိုညီငယ်လေးတစ်ယောက်လိုစောင့်ရှောက်ဖို့ ယုံယုံကြည်ကြည်ပဲအပ်နှံခဲ့ကြတယ်..နောက်ထပ်ရောက်လာခဲ့တာက
Singto...ကိုယ်နဲ့လည်းအရွယ်တူမို့ ဘာမှတော့သေချာဂရုမစိုက်ပေးဖြစ်ခဲ့..
နောက်ပြီး
Kit ဆိုတဲ့လူဆိုးကောင်လေးက
Sing ကြောင့်နဲ့လိမ်မာသွားခဲ့တာက
ကောင်းမွန်တာပဲမလား...
YOU ARE READING
Rewrite the Stars
Fanfictionကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...