""""""""""""""ဘယ်လိုဖြစ်တာလဲ...Kit ရော..
Kit ဘယ်မှာလဲ...''Nammon ရဲ့ဝရုးသုန်းကားအမေးတို့ကို
ဖြေပေးဖို့သူ့မှာအင်အားမရှိ...ခွဲစိတ်ခန်းရဲ့အပြင်မှာ သွေးပျက်စွာထိုင်နေဖို့သာသူတတ်နိုင်ခဲ့သည်..
"Singto....''
ဝတ်ထားတဲ့အဖြူရောင်အဝတ်အစားတွေက ခုချိန်မှာအနီရောင်တွေစွန်းထင်းလျက်...
ဲရှင်သန်လိုခြင်းကင်းမဲ့နေတဲ့
မျက်လုံးတွေနဲ့..."မင်း......Kit ရဲ့အခြေအနေဘယ်လိုလဲ...''
"မသိဘူး...သူတို့ထွက်မလာကြသေးဘူး...''
သွေးအိုင်ထဲကပုံရိပ်ကို သူပြန်မြင်နေမိတုန်းဖြစ်သည်..
တစ်ဦးတစ်ယောက်ကမှ ထွေးပွေ့ခံထားရခြင်းမရှိပဲ
ဖြူဖျော့ကာ လှဲလျောင်းနေခဲ့သည်
ရင်နာရပါ၏..." Khun Nammon......''
ခွဲစိတ်ခန်းထဲကထွက်လာတဲ့ဆရာဝန်ကြီး..
Nammon ရောသူပါနှစ်ယောက်လုံးထရပ်သည်
ပြီးတော့ အားကိုးတကြီးနဲ့မျော်လင့်မိကြသည်Krist ငယ်စဉ်ထဲကပြသခဲ့ရတဲ့ဆရာဝန်ကြီးမို့ Nammon ကိုသိနေတာမဆန်း.....
သူ့ကိုတော့ အသိအမှတ်ပြုရုံသာခေါင်းညိတ်ပြသည်..."Krist....သူ ဘယ်လိုအခြေအနေရှိလဲ ဆရာ..''
ဒီနေရာမှာ Nammon ကသာဦးဆောင်သူ...
သူကတော့ စကားတစ်လုံးတောင်မထွက်နိင်အောင် အားအင်ကုန်ခမ်းနေခဲ့ပြီ..." လူနာက ဦးခေါင်းတော်တော်ထိခိုက်သွားတယ်...ပျက်စီးသွားတဲ့ဦးနှောက်အစိတ်အပိုင်းအနည်းငယ်ကို ဖြတ်ထုတ်ရပါမယ်....ထပ်ပြီး....ပိုအရေးကြီးတာရှိပါတယ်..''
"ပြောပါ ဒေါက်တာ...''
"သူ့ရဲ့ နှလုံးကို နောက်ထပ် သုံးနှစ်အတွင်းလဲလှယ်မှရမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်...
Krist ရဲ့သွေးက ရှားပါအမျိုးအစားဖြစ်နေလို့ ဒီနှစ်တွေအတွင်းကိုက်ညီတဲ့နှလုံးကိုရှာမရခဲ့တာလည်းခင်ဗျားတို့သိမှာပါ.....
အခုအခြေအနေမှာတော့....
နဂိုက သုံးပုံတစ်ပုံပဲအလုပ်လုပ်နိုင်တော့တဲ့
သူ့နှလုံးက ယာဉ်တိုက်မှုရဲ့ဆိုးကျိုးအနေနဲ့ အစားမထိုးလို့မရတော့လောက်အောင်ပျက်စီးသွားပါပြီ...
တကယ်လို့ ကိုက်ညီတဲ့နှလုံးကိုသာရှာမတွေ့ဘူးဆိုရင်....''
ВЫ ЧИТАЕТЕ
Rewrite the Stars
Фанфикကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...