""""""""""""""""""""
" အခုသူတို့ကပြန်အဆင်ပြေတော့မယ့်အထာနဲ့လေ...ငါဘယ်လိုစိတ်အေးနိုင်မှာလဲ
နင်လုပ်နိုင်မလားလို့ငါစောင့်ကြည့်နေတာ.....နင်မလုပ်နိုင်ဘူးဆိုလက်ရှောင်လိုက်တော့...''ဒေါသတွေအလုံးအရင်းနဲ့မိန်းမငယ်လေးရဲ့အသံက ဆောက်လက်စအဆောက်အဦးရဲ့အစွန်းတစ်နေရာက...
သူမရဲ့မျက်နှာဟာလည်းချစ်စဖွယ်ရုပ်ရည်လေးနဲ့မသက်ဆိုင်လောက်အောင်
ပူလောင်နေလေတယ်......"ဒီမှာ Khun....ခင်ဗျားကိုကျွန်တော်ကဘာမှကတိပေးမထားဘူးနော်...
ကျွန်တော်တို့ကသွားမယ့်ခရီးချင်းတူတာနဲ့ပဲတစ်လှေစီးနေတာမဟုတ်ဘူးလေ..
ခင်ဗျားလုပ်နိုင်တာလုပ်
ကျွန်တော်လုပ်နိုင်တာလုပ်မယ်...''ဘာကိုမှဂရုမစိုက်သလိုအသံနဲ့
ပြောလာတဲ့တဖက်လူကိုအပြင်မှာသာ
ရှိနေရင်တိုက်ပေါ်ကတွန်းချမိမလားပဲ.."ဒါဆို ငါအပြတ်ရှင်းမယ့်ကိစ္စကိုဖျက်လိုဖျက်ဆီးလုပ်တာဘယ်သူလဲ...
နင်ပဲသူ့ကိုမထိနဲ့လို့ပြောတယ်လေ...''"ကျွန်တော်ထပ်ပြောမယ်....
ခင်ဗျားဟာခင်ဗျား Singto ကိုအသေပဲယူယူအရှင်ပဲယူယူ...
Kit ကိုတော့ဆူးခြစ်ရာတောင်မထင်မိစေနဲ့..
ခင်ဗျားကြောင့်သူတစ်ခုခုဖြစ်သွားရင်
ဖြစ်လာမယ့်အကျိုးဆက်ကိုခင်ဗျားသိပါတယ်နော်...''သူပြောပြီးတာနဲ့ဖုန်းချသွားတဲ့ကောင်စုတ်လေးကိုခပ်တိုးတိုးကျိန်ဆဲမိပြန်တယ်..
အဲ့ဒီ Krist Perawat ကဘာတွေများကောင်းနေလို့တမ်းတမ်းစွဲနေရတာတဲ့လဲ...
သူမသဘောသာဆို ချောမောတဲ့ရုပ်ရည်လေးကိုဖျက်ဆီးပြီး
လိုချင်သေးလား...လိုချင်သေးလားလို့
မေးပစ်တယ်....ဒါပေမယ့် သူမမှာအဲ့လောက်အစွမ်းမရှိသေးဘူး...
ကောင်စုတ်လေးကလူငယ်ပေမယ့်
သူ့အတွက်အမှူတော်ထမ်းပေးမယ့်လူတွေက
အများသား...အဝေးကြီးမဟုတ်ပဲ...
Sing ကိုပဲကြည့်...
ရှေ့ကသူမကြံစည်ခဲ့ရသမျှတွေဟာ
ရေစုန်မျောသွားပြီ...Krist ရဲ့ ကိုကို...ကိုကို...ဆိုတဲ့ခေါ်သံအောက်မှာ
သိသိသာသာကြီးမဟုတ်ပေမယ့်
Sing ပျော်ဝင်နေပြီဆိုတာ သူမမြင်ခဲ့ရသည်....
VOCÊ ESTÁ LENDO
Rewrite the Stars
Fanficကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...