အခန်း / ၁၅(z&u)

1.2K 117 16
                                    

"""""""""""""""""""

" Khun Fait........ ''

"ပြောပါ သူဋ္ဌေး.....''

"စိတ်မကောင်းဖြစ်နေတဲ့လူတစ်ယောက်ကို ပျော်သွားအောင်ဘယ်လိုလုပ်ရမလဲ...''

နောက်ဆုံးမှာတော့ သူမေးလိုက်နိုင်ပြီ
ဒီမေးခွန်းအတွက်အချိန်ဘယ်လောက်
ယူခဲ့ရလဲသူအသိဆုံး...

"စိတ်မကောင်းဖြစ်နေတာက
ယောက်ျားလေးလား....''

ဒီသူဋ္ဌေးဆီမှာအလုပ်မဝင်ခင်ထဲက
အကြောင်းစုံကိုသိထားပြီးဖြစ်တဲ့
Fait အတွက်ခန့်မှန်းဖို့ကအလွယ်လေး...

ထို့ပြင် အရင်ရက်တွေကမှ သူဋ္ဌေးရဲ့
အမျိုးသားက Entဖွင့်ပွဲမှာအခက်ကြုံသွား
ရတာ သူကြည့်ခဲ့ရတာမို့....

"အမ်း....ဆိုပါတော့...''

"ကျွန်တော်လည်းသိပ်မသိဘူး...
ဒါပေမယ့် စိတ်ကောက်တာမဟုတ်ပဲ
စိတ်မကောင်းဖြစ်တာဆိုတော့
လက်ဆောင်တစ်ခုခုပေးလိုက်ရင်
အဆင်ပြေမယ်ထင်ပါတယ်...
ဥပမာ ပန်းစည်းတို့ ညစာအတူစားတာတို့
ဆိုရင်ကော....''

Fait ရဲ့အကြံပေးမှုက သူ့သူဋ္ဌေးအတွက်
အသုံးဝင်ပါ့မလားဆိုတာ သူမသိဘူး...

Sing အတွက်ကလည်း ဒီလိုမျိုးအလုပ်ကို
လုပ်ဖူးတာမဟုတ်တော့
အနီးရှိတဲ့ အတွင်းရေးမှူးကသာ
သူ့ရဲ့အားကိုးရာဖြစ်နေတာ....

"တခြားဘာပြောစရာရှိသေးလဲ ခင်ဗျ..''

"မရှိတော့ပါဘူး..... ''

Fait ထွက်သွားမှ Sing လည်း
စားပွဲပေါ်တံတောင်ဆစ်ထောက်ပြီး
စဉ်းစားရတယ်...

ပန်းစည်း ညစာ.....
ဒါကတကယ်အလုပ်ဖြစ်ပါ့မလား...
ဟိုအရင်တုန်းကတော့ Krist စိတ်ဆိုး
စိတ်ကောက်ပြီဆိုလည်းသူလှည့်ကြည့်ခဲ့
တာမဟုတ်....

ထိုကလေးကလည်းသူ့ဟာသူသာ
စိတ်ပြေသွားသည်ချည်းသာ...

ခုတော့အရင်လိုမဟုတ်တော့...
သူ........
ချော့ချင်တယ်လို့ပြောရမလား....

Pai နဲ့ကိစ္စကိုလည်းဖြေရှင်းချင်သေးသည်..
သတင်းထောက်တွေပြောခဲ့သလို
မဟုတ်ပါဘူးဆိုသည့်အကြောင်း...

ဒါပေမယ့်ခုလက်ရှိအရေးကြီးတာက
Krist ဆီဘယ်လိုသွားရမလဲဆိုတာ...
ဘယ်လိုအကြောင်းပြချက်နဲ့

Rewrite the StarsOù les histoires vivent. Découvrez maintenant