""""""""""""""""""""""
ခန့်မှန်းရခက်သောကောင်ငယ်လေးသည်
သူ့ရှေ့တွင်အေးစက်စွာရှိနေပြန်သည်..ဒူးနှစ်လုံးကိုလက်နဲ့ပွေ့ပိုက်ထားတဲ့အနေအထားနဲ့ပဲ...
ချောင်ကျနေတဲ့မျက်နှာလေးက
အိပ်ရေးပျက်နေတာကြောင့်ဖြစ်နေပုံမကပဲ ပိန်သွယ်တဲ့ကိုယ်လေးကပါ
အားမရစရာ...ဘယ်လိုသတ္တိနဲ့များ ကလေးယူဖို့ဆုံးဖြတ်ခဲ့တာတဲ့လဲ...
ပြီးတော့ တခြားနည်းလမ်းနဲ့မဟုတ်ပဲ
ယောက်ျားလေးတစ်ယောက်အတွက်
ခက်ခဲပြီးအန္တရာယ်များလွန်းတဲ့နည်းလမ်းနဲ့တဲ့...ဒီကလေး ဘာတွေတွေးနေလဲသိချင်လှပါ၏....
"Krist....''
"ကျွန်တော်အရင်ပြောမယ် ကိုကို..''
ဆုံးဖြတ်ချက်ချထားသလိုအမူအရာနဲ့
မျက်လုံးထဲကလေးနက်မှုတွေက
သူ့စိတ်ကိုလေးသွားစေတယ်...ဒီကလေး ကိုသူဘယ်တုန်းကမှမသိခဲ့ဖူးသလိုမျိုး..
ဒါမှမဟုတ်
သူ ဂရုမစိုက် လျစ်လျူရှု ခဲ့တာတွေကြောင့် နားမလည်နိုင်တော့တာလား...ကုတင်ပေါ် ပုံချထားသလိုထိုင်နေတဲ့ကောင်လေးအနား ကိုယ်တိုင်လည်းတိုးထိုင်လိုက်တယ်..
လက်တစ်ဆန့်အကွာအဝေးနဲ့
မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီးမှပြောပြလာမယ့်စကားအတွက်ခေါင်းညိတ်ပြလိုက်တယ်..." ကျွန်တော်....ကျွန်တော် ကိုကို့အတွက်
ကလေးယူပေးချင်တယ်....အဲ့ဒါ
စိတ်ရူးပေါက်လို့လည်းမဟုတ်ဘူး...
ဘယ်သူ့ကြောင့်မှလည်းမဟုတ်ဘူး...
ကိုကို့ရဲ့သွေးသားကိုယူပေးနိုင်တဲ့သူက
ကျွန်တော်ပဲ...ကျွန်တော်တစ်ယောက်ထဲပဲဖြစ်ချင်လို့... ကိုကို မတားနဲ့....''အဆုံးသတ်စကားက တားမြစ်တော့မယ့်
သူ့အကြံကိုပိတ်ပစ်လိုက်သလိုပဲ...ခိုင်လုံတဲ့အကြောင်းပြချက်လည်းမဟုတ်ပဲ
သူ့သွေးသားကိုယူပေးနိုင်သူဖြစ်ချင်တာတဲ့လား...အဲ့ဒါကတကယ်ပဲ ယောက်ျားတစ်ယောက်ရဲ့စည်းမျဉ်းတွေကိုချိုးဖောက်ရမယ့်အကြောင်းပြချက်ပေါ့.....
ဒီကလေး တကယ်စိုးရိမ်နေခဲ့တာကဘာလဲ...
ŞİMDİ OKUDUĞUN
Rewrite the Stars
Hayran Kurguကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...