...........
"""""""""""""""""
အပြိုပြိုအလဲလဲဖြစ်နေကြတဲ့လူနှစ်ယောက်နဲ့ ဆေးရုံခန်း....
Jade က ကြမ်းပြင်ပေါ်ပြန့်ကြဲနေတဲ့စာရွက်တွေဓာတ်ပုံတွေကိုကောက်ယူကြည့်နေခဲ့ပြီး
Nammon ကတော့ အသက်ရှူသံခပ်ပြင်းပြင်းနဲ့ အေးစက်တဲ့ကြမ်းပြင်ပေါ်စိတ်ပျက်လက်ပျက်ထိုင်နေဆဲ...Sing တစ်ယောက်ကသာ...
အသက်ရှင်ချင်စိတ်ကင်းမဲ့နေတဲ့ပုံစံမျိုးနဲ့နံရံဖြူဖြူကိုမှီတွယ်ထားလေရဲ့......
သူ့မျက်နှာပေါ်ကမြင်မကောင်းလောက်အောင်ဖြစ်နေတဲ့ဒဏ်ရာတွေကတဖြည်းဖြည်းနဲ့ကြွတက်ဖူးယောင်လာခဲ့ပြီ..
သူကိုယ်တိုင်ကတော့နာကျင်မှုဆိုတာတစ်စွန်းတစ်စိမှရှိမနေတဲ့လူလိုမျိုးပဲ.....
သူ့ရဲ့အူထဲအသည်းထဲကဆွဲဆုပ်ညှစ်ထားသလိုနာကျင်မှုက ပိုနေလို့လည်းဖြစ်နိုင်တယ်...ဘယ်လိုတောင်မိုက်မဲခဲ့တာလဲ....
သူ့ရဲ့ဆိုးဝါးစွာတုံးအလွန်းတဲ့မိုက်မဲမှုကချစ်ရသူကိုသေလမ်းဆီတွန်းပို့မိခဲ့တယ်...
ဘာမှသောက်ရေးမပါတဲ့အကြောင်းအရင်းနဲ့ သူက ချစ်ရသူကိုလျစ်လျူရှူခဲ့တယ်.....
တောင်းပန်ပါတယ် ဆိုတဲ့စကားတစ်ခွန်းတောင်သူ့ပါးစ ပ်က ထွက်ဖို့မထိုက်တန်တော့ဘူး...
Nammonရဲ့ဒေါသတွေကိုသာသူ့အပေါ်ကိုပုံချခံချင်မိတော့တယ်...
ထိုးစမ်းပါစေ ရိုက်စမ်းပါစေ....
ဒီလိုနည်းနဲ့ပဲသူ့အမှားတွေအတွက်ပေးဆပ်လိုက်ချင်တော့တယ်.."မင်း ......မင်းက Ai Kit ကိုလက်ထပ်လိုက်ရတာကို ကံဆိုးတယ်လို့အမြဲထင်နေခဲ့တာမလား....''
".......''
"Singto.....မင်း ငါတို့အိမ်ကို စရောက်လာထဲက Kit အတွက် ကံဆိုးနေခဲ့တာကွ....မင်း နားလည်လား....''
ရူးရူးနှမ်းနှမ်းအလုပ်တွေလုပ်ခဲ့တဲ့ကောင်လေးဟာ Singto ကိုပိုင်ဆိုင်လိုမှုတစ်ခုထဲ....
အမုန်းတွေခံယူနေရင်းနဲ့ပဲ အမှားတွေတစ်ခုပြီးတစ်ခုဆက်လုပ်နေခဲ့တယ်...
တစ်နေ့နေ့မှာတော့ သူ့ကိုကိုဟာသူ့ကိုနားလည်ပြီးချစ်လာလိမ့်မယ်ဆိုတဲ့မျော်လင့်ချက်လေးတစ်ခုနဲ့ သူချစ်တဲ့ကိုကို့အနားကအရှုပ်တွေကိုဖယ်ရှားပစ်ခဲ့တယ်...အဆုံးမှာတော့ဘာရခဲ့သလဲ....
ဥပေက္ခာတွေပဲမဟုတ်ဘူးလား...
![](https://img.wattpad.com/cover/209749388-288-k848825.jpg)
KAMU SEDANG MEMBACA
Rewrite the Stars
Fiksi Penggemarကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...