"""""""""""""""
တစ်ညတာအိပ်စက်သွားခဲ့တဲ့အိပ်ရာထက်ပစ်လှဲလိုက်တော့ တစ်လမ်းလုံးထိန်းချုပ်ခဲ့ရတဲ့ မျက်ရည်တွေက မျက်လုံးထောင့်စွန်းကနေ ဆံပင်တွေကြားစီးဝင်သွားတယ်
တစ်သွယ်ပြီးတစ်သွယ်
အဆက်မပြတ်...အသက်သုံးဆယ်ရှိပြီဖြစ်တဲ့ယောကျ်ားတစ်ယောက်က အချစ်အတွက်နဲ့ငိုတယ်ဆိုတာ ဖြစ်သင့်ပါရဲ့လား...
မဖြစ်သင့်ဘူးလို့ပြောကြရင်တောင်
ဒီအချိန်မှာတော့ သူမငိုပဲမနေနိုင်..ယောကျ်ားဆိုတာလည်းနာကျင်တတ်တဲ့လူပဲမဟုတ်ဘူးလား
နှလုံးကွဲကြေတယ်ဆိုတဲ့နာကျင်မှုမျိုးခံစားရသူတိုင်းငိုမိကြမှာပဲမဟုတ်ဘူးလား....တစ်ညတာပဲဆိုပေမယ့့် မနည်းကြိုးစားကုသနေခဲ့ရတဲ့နှလုံးသားဒဏ်ရာက ပြန်အသစ်ဖြစ်လာခဲ့တယ်....
Krist ကိုဆေးရုံမှာပဲထားရစ်ခဲ့ရတုန်းကထက်မလျော့တဲ့နာကျင်မှု...
ကတိကဝတ်တွေအရ မဖြစ်မနေထွက်လာခဲ့တယ်..
ဒါပေမယ့် သူ့ပျော်ရွှင်မှုတွေကိုတော့
Krist နဲ့အတူထားရစ်ခဲ့ရတယ်...သေရာပါမယ့်နာကျင်မှုတွေတပွေ့တပိုက်နဲ့ပဲ ချစ်တဲ့သူ နဲ့ဝေးသထက်ဝေးမယ့်နေရာဆီ....
အကြောင်းကြောင့်အကျိုးဖြစ်လာရတယ်...
သူပြုမိမှားခဲ့တာတွေကြောင့်ချစ်သူက သေမလိုအခြေအနေနဲ့......
လေနဲ့လွင့်ပါးသွားတော့မယ့်တိမ်စိုင်ငယ်လေးလိုဖြစ်နေတဲ့ချစ်သူကိုအချိန်တိုင်းစောင့်ကြည့်နေရင်းနဲ့...သူ့ကိုယ်သူကျိန်ဆဲခဲ့ရတာတွေ...
ချစ်သူနေရာမှာကိုယ်သာဖြစ်လိုက်ချင်တဲ့အတွေးတွေ...
ဘာလို့များဒီလောက်ထိတုံးအရတာလဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ဆူပူခဲ့ရတာတွေ...သူဘယ်လိုပဲနောင်တရနေနေ အပြစ်တွေကမကျေနိုင်လောက်အောင်များခဲ့ပြီးပြီ....
ပြန်လည်ပြင်ဆင်ခွင့်...
ပြန်ပေးဆပ်ခွင့်လေးတောင်မရှိတော့ပေ..ခုတော့...
အဝေးကခိုးကြည့်ခွင့်လေးပါ ပျောက်ကွယ်သွားလေတော့မလား..
Krist ကို သူဘယ်တော့မှမတွေ့နိုင်မယ့်နေရာဆီပို့ပေးလိုက်ကြလေတော့မလား...အဲ့ဒီလိုသာဆိုရင်......
"""""""""""""""""""
ဒီလူလေးယောက်ဆုံလိုက်တိုင်းတိတ်ဆိတ်နေတယ်ဆိုတာမရှိစဖူး...
ESTÁS LEYENDO
Rewrite the Stars
Fanficကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...