""""""""""""""""""
!!!
အဆက်ဟောင်းနဲ့ပြန်လက်တွဲတော့မယ့်
Ruangroj... !!!ဒါဘယ်လိုစကားကြီးလဲ..
သူကဘာလို့အဆက်ဟောင်းနဲ့လက်တွဲရမှာလဲ..
နာမည်ကြီးသတင်းဝက်ဘ်ဆိုက်တစ်ခုကနေ တင်ထားတဲ့သူ့သတင်းက
ခုချိန်မှာ Trend ဖြစ်နေတယ်...ပါဝင်တဲ့ဓာတ်ပုံတွေကြောင့်လည်းပါပါလိမ့်မယ်..
Pai မူးမူးနဲ့လုပ်လိုက်တဲ့ကိစ္စတွေက
ခုချိန်မှာ သူ့ကိုအိမ်ထောင်ရေးဖောက်ပြန်သူဖြစ်အောင်ပြောဆိုနေကြပြီ...ဝေဖန်ကြသူအများစုရဲ့ဆိုးဝါးတဲ့
ပြောဆိုကြမှုတွေက သူ့ကိုတည်ငြိမ်မနေနိုင်စေတော့...အဆိုးဆုံးက Krist ကပါ
အဲ့သတင်းကိုယုံကြည်သွားမှာကိုသူစိုးရိမ်သည်...နဂိုကမှ သူနဲ့ပတ်သက်ရင် ဝန်တိုခြင်းကြီးလှတဲ့ ကောင်လေးသာ
ဒီသတင်းကိုတွေ့ခဲ့ရင် ဘယ်လောက်ထိဒေါသပုန်ထနေလိုက်မလဲ...အတွေးတွေမဆုံးခင်မှာပဲ
လူက ကားပေါ်ရောက်နေပြီပဲဖြစ်သည်တစ်လမ်းလုံးတွေးလာတာက
Krist ကိုဘယ်လို စကားစပြောရမလဲဆိုတာ....ကိုယ်တိုင်ကအပြစ်လုပ်ထားတာမရှိပေမယ့် အပြစ်ရှိနေတဲ့စိတ်မျိုးခံစားနေရသည်လေ...
အားလုံးအဆင်ပြေအောင်ကြိုးစားနေကာမှ ဒီလိုသတင်းထွက်လာခြင်းက
သူတို့ကြားအလွှာတစ်ထပ်ခြားသွားသလိုမဖြစ်စေချင်ပါ..."""""""""""""""""""""""""""""
"ကိုကို....ဘယ်လိုလုပ်ပြီး...''
လှေကားကပြေးဆင်းလာတဲ့ Krist ဟာ
သူရောက်လာမယ်လို့မျော်လင့်ထားမှာမဟုတ်ဘူး..တကယ်ဆို
သူကိုယ်တိုင်တောင်မှဘယ်လိုရောက်လာခဲ့လဲမသိတော့တာ"ကိုကို..သတင်းတွေတက်လာတာမြင်ပြီးပြီလား...''
"အင်း...အဲ့ဒါတကယ်မဟုတ်ဘူး..''
"တကယ်မဟုတ်ဘူး ဆိုတာကဘာကိုလဲကိုကို..အဆက်ဟောင်းနဲ့ပြန်တွဲနေတယ်ဆိုတာကိုလား..
ကိုကိုတို့နှစ်ယောက်နမ်းနေတာကိုလား.
ဒါမှမဟုတ် နှစ်ခုလုံးလား...''ချောင်ပိတ်ဖမ်းသလိုမေးခွန်းက
Sing ကိုအဖြေခက်စေတယ်..လိမ်ညာခြင်းဆိုတာ သူနဲ့ဘယ်တုန်းကမှတသားထဲဖြစ်ခဲ့တာမဟုတ်လို့
အမှန်တိုင်းဖြေလိုက်ပြန်တော့ရော
![](https://img.wattpad.com/cover/209749388-288-k848825.jpg)
VOUS LISEZ
Rewrite the Stars
Fanfictionကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...