"""""""""""""""""""""""
"Sing...... ''
ဧည့်ခန်းမှာထိုင်နေတဲ့ Pai က
အံ့သြ နေတဲ့ဟန်နဲ့သူ့ကိုခေါ်လာတယ်...ဟုတ်တယ်..
Pai ကိုသူ့အိမ်မှာထားပြီးထဲက
သူအိမ်ကိုတစ်ခေါက်တောင်ပြန်မလာဘူး..
ခုပြန်လာတယ်ဆိုတာကလည်း....Krist ပို့လိုက်တယ်ဆိုတဲ့ ဖိတ်စာနဲ့
ဝတ်စုံကိုယူဖို့...
ပွဲကညနေငါးနာရီကနေ ညဆယ့်နှစ်နာရီ
အထိလို့ကြားထားတာမို့
ဝန်ထမ်းအားလုံးအလုပ်ဆင်းကြမှပဲ
သူလည်းအိမ်ပြန်လာခဲ့တာ...အိမ်မှာရေချိုးအဝတ်အစားလဲပြီးမှပဲ
ပွဲကိုဆက်သွားလိုက်ဖို့ဆုံးဖြတ်ပြီးပေါ့..." Sing ကိစ္စရှိလို့လား...''
Pai ရဲ့စကားကအိမ်ရှင်ကဧည့်သည်ကို
မေးနေသလိုမျိုး...
ဒါပေမယ့် သူဂရုမထားတော့ဘူး.."ဟုတ်တယ်...Khun Phom ရော...''
"ကျွန်မဒီမှာ အစ်ကိုလေး...''
မီးဖိုခန်းထဲကအပြေးအလွှားထွက်လာတဲ့
Khun Phom...."ကျွန်တော့နာမည်နဲ့ ဖိတ်စာရယ်ဝတ်စုံရယ်ရောက်နေတယ်မလား...ဘယ်နားထားလိုက်လဲမေးမလို့..''
"အစ်ကိုလေးရဲ့အခန်းမှာပဲ ထည့်ထား
လိုက်ပါတယ်...ဝတ်စုံက ဗီရိုထဲမှာပါ
ဖိတ်စာကတော့ စာကြည့်စားပွဲပေါ်မှာပါ..''"ရပါပြီ...Khun Phom လုပ်စရာရှိတာ
သွားလုပ်ပါ...''Pai ရဲ့သိချင်နေတဲ့အကြည့်တွေကို
လျစ်လျူရှု ထားလိုက်ပြီး
သူလည်းအခန်းဆီတက်ခဲ့လိုက်တော့တယ်...ရုတ်တရက် ကြည့်လိုက်ရင်
အခြေအနေ တွေကသိပ်မထူးဆန်းသလို
ပေမယ့်
Krist နဲ့သူ ခွဲနေတဲ့အချိန်မှာပဲ
Jade ပြန်လာခဲ့တာ
Pai သူ့အိမ်ကိုရောက်လာခဲ့တာက
တိုက်ဆိုင်မှုပဲလား...ဒါမှမဟုတ်.....
ဒါတွေက Jade ရဲ့လှည့်ကွက်တွေများ
ဖြစ်နေမလားလို့သူထင်မိတယ်...အဲ့ကောင်လေးရဲ့စွဲလမ်းမှုက
တော်တော်ကိုဆိုးဆိုးရွားရွားပဲလေ...
ဒါကို ဟိုစဉ် Krist နဲ့သူငယ်ချင်းဖြစ်နေ
ထဲကသူသတိထားမိခဲ့တာ...သူတို့အုပ်စုထဲမှာ Krist ကိုသူတစ်ယောက်ထဲကပဲ
ထိကိုင်တတ်ပြီး တခြားသူတွေဆို
မတော်တဆထိမိတတ်တာကအစ
ဒေါသထွက်လာတတ်တဲ့ကောင်လေး..
ESTÁS LEYENDO
Rewrite the Stars
Fanficကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...