"""""""""""""
"""""""""""""""
"Ree........''
ကားကိုအိမ်ရှေ့ထိုးရပ်လိုက်တာနဲ့
ဝင်လာတဲ့ဖုန်းကောလ်တစ်ခု...
နံပါတ်စိမ်းမို့ကိုင်ရကောင်းမကိုင်ရကောင်းစဉ်းစားနေမိသေးတယ်..ဒါပေမယ့်
အရေးကြီးဖုန်းဖြစ်နေမှာစိုးတာနဲ့ပဲဖုန်းကိုင်လိုက်တယ်"Hello Phi Mon...ကျွန်တော်ပါ
Htin...''"Htin....''
Htin ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ဒေါသတွေအလုံးလိုက်အရင်းလိုက်ထွက်လာတယ်..
"ဟုတ်တယ် Phi.. Phi Kit ကိုဖုန်းဆက်တာဖုန်းမကိုင်လို့
Phi Mon ဆီဆက်လိုက်တာ..Phi Kit ဘေးမှာရှိလား....''"အေး...ငါလည်းသိချင်နေတာ...မင်းနဲ့ Kit... ငါမသိအောင်ဘာတွေလုပ်ထားသေးလဲ...အခုငါ့ကိုအမှန်အတိုင်းပြောလို့ရပြီလား....''
အခုချိန်ထိဘာမှမသိရသေးတာက
သူ့ကိုပိုခံရခက်စေတယ်..
Kit ဆိုတဲ့ကောင်လေးက ထောင်နူတ်ခမ်းနားနီးနေတာတောင်သူ့ကိုတစ်ခွန်းမှဖွင့်ဟမလာပေ.."Ah..Phi Mon... Phi Kit က ...
မပြောရဘူးလို့...''"မင်းအခုမပြောရင်...ငါ့အဆိုးမဆိုနဲ့...''
"ဒါပေမယ့်... Phi Kit...''
"ငါပွင့်ပွင့်လင်းလင်းပဲမေးမယ် Htin..Kit က ဟိုမိန်းမကိုသတ်ပစ်ဖို့မင်းကိုခိုင်းခဲ့တာလား...''
စစ်ဆေးရေးအခန်းထဲမှာရှိနေထဲက
မဟုတ်ပါစေနဲ့လို့တဖွဖွဆုတောင်းခဲ့ရတာ..
အခုတကယ်ပဲဖြစ်နေခဲ့တာလား..."Phi Mon ဘာတွေပြောနေတာလဲ
ကျွန်တော်မသိဘူး...''"နောက်ထပ်မသိဘူးဆိုတဲ့စကားမင်းပါးစပ်ကထပ်ထွက်လာရင် မင်းတစ်မိသားစုလုံးဒီနိုင်ငံမှာအကောင်းမနေရအောင်လုပ်ပစ်မယ်ဆိုတာယုံလိုက်...''
"
Phi...အဲ့မိန်းမကိုကားနဲ့တိုက်ခဲ့တာကျွန်တော်မဟုတ်ဘူး...Phi Kit ကိုကျွန်တော်ပို့လိုက်တဲ့ဓာတ်ပုံထဲကလူတိုက်လိုက်တာ..''"ဘာဓာတ်ပုံလဲ...ငါ့ကိုအစအဆုံးပြောပြစမ်း..Htin..''
နောက်ဆက်တွဲကြားလိုက်ရတဲ့
Htin ရဲ့စကားတွေအဆုံးမှာ
ဘေးမှာရှိနေတဲ့ကားကိုခြေထောက်နဲ့ပိတ်ကန်မိတယ်...
![](https://img.wattpad.com/cover/209749388-288-k848825.jpg)
ŞİMDİ OKUDUĞUN
Rewrite the Stars
Hayran Kurguကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...