Part 14

3.6K 147 25
                                    

.
နောက်အပတ်...မကြာခင်လေးမှာ...jen တို့ရဲ့ ကျောင်းက ရက်ရှည်ပိတ်တော့မှာပါ...။
.
Lisa နဲ့ jen နဲ့ စေ့စပ်ပြီး တစ်အိမ်တည်းနေဖြစ်တာ..၁ပတ်ကျော်ခဲ့လေပြီ....
.
Jen ..Omma က ဘူဆန်ကနေ ပြန်မရောက်သေး...။
.
Lisa ကတော့ jen နဲ့ စေ့စပ်ပြီးမှ ပိုပြီး လွတ်လပ်သွားသည်။...
.
ညတိုင်း အပြင်ထွက်..ဆိုင်ကယ် ပြိုင်ပွဲတွေ..ဆက်တိုက် ၀င်ပြိုင်သည်။.....တစ်ခါတလေ ဆိုရင် အရက်လေးပါ မူးလာသေးသည်။...
.
သူမူးလာတိုင်း...jen ခမျာ စိတ်ညစ်ရသည်။...အရက်မူးတဲ့ သူတွေက သိတဲ့အတိုင်းပါဘဲ ပြောမရ ဆိုမရ...ဖြစ်နေလို့လေ..။
.
ဒီညလည်း...ည🕚(11:00) နာရီတောင် ထိုးနေပြီ...Lisa အိမ်ပြန်မရောက်သေး...။
.
Jen တစ်ယောက် အိမ်ရှေ့က ခုံလေးမှာ ထိုင်ရင်း စောင့်နေသည်။
.
Jen သူ့ကို ထိုင်စောင့်နေတာ...
၃နာရီ နီးပါးရှိနေပါပြီ...ညနေစောင်းကတည်းက သူပြန်ရောက်လာရင် စားဖို့ ကျောင်းကနေ အိမ်ကို ပြန်ရောက်ရောက်ချင်း..Kitchen ထဲအရင်ဝင်လိုက်သည်။
.
ချက်ပြုတ်ပြီးတော့မှ ရေမိုးချိုးလိုက်သည်။
.
ညနေ 🕔(5:00)ထိုးတော့..အိမ်ရှေ့မှာ စိုက်ထားတဲ့ ပန်းပင်လေးတွေကို ရေလောင်းပြီးသွားတဲ့ အချိန်ထိ...
Lisa ပြန်မရောက်လာ...။
သူပြန်ရောက်တော့မလားဆိုတဲ့..
စိတ်နဲ့...jen ညနေစာ မစားသေးဘဲ စောင့်နေခဲ့တာ...
ည (9:00) 🕘ထိုးသွားတဲ့အထိပင်။
.
ည ၉နာရီထိုးပြီးတော့ ... jen ခြံထဲကို လမ်းလျှောက်ရင်း..သူကို ဆက်စောင့်နေလိုက်သည်။

လမ်းလျှောက်လိုက်...
အိမ်အ၀င်ပေါက်ဆီကို ကြည့်ပြီးမျှော်လိုက်...
ခုံတန်းလေးပေါ် ထိုင်လိုက်နဲ့...အငြိမ် ထိုင်ပြီး..မနေနိုင်...
.
သူများ..တစ်နေရာရာမှာ...
တစ်ခုခု ဖြစ်နေမလား ဆိုပြီး..စိတ်ပူလိုက်ရတာ...
Jen ခမျာ...ရင်တမမနဲ့ ဖြစ်နေသည်။...
.
.
.
ည..သန်းခေါင်ယံ အချိန်နီးလို့...
🕦(11:30)ရောက်တော့ jen အိမ်အပြင်ဘက်မှာ တစ်ယောက်တည်း မနေရဲတော့...
.
အိမ်ထဲဝင်ပြီး..သူ့ကို ဆက်စောင့်ဖို့ ဆုံးဖြတ်လိုက်ပြီး. ..အိမ်ထဲဝင်လိုက်သည်။
အိမ်တံခါးမကြီးကို ပိတ်ဖို့လုပ်တော့...
.
"ဝူး💨...ဘွန်း💥...

Lisa တစ်ယောက် ဆိုင်ကယ်ကြီးကို အရှိန်ပြင်းပြင်းနဲ့...၀င်လာလေသည်။
.
"Jen...jennie...Kim...jennie. ..မင်း ဘယ်မှာလဲ..😩

Never Say Me Goodbye Where stories live. Discover now