Part 17

2.9K 121 6
                                    

.
"ရောက်လာကြပြီလား..."

"Nae appa. .."

Lisa နဲ့ jen ..ဘုရားကျောင်းရဲ့ အပေါ်ထပ် ၀တ်ပြုဆောင်ဘက်ကို...တက်သွားခဲ့ကြသည်။...
ဝတ်ပြုဆောင်ထဲမှာတော့...
ဝတ်ပြုနေတဲ့...လူတချို့နဲ့....
ဖာသာတစ်ယောက်.....
.
ဖာသာကတော့..
Lisa တို့ရောက်နေတာကို သိနေတော့....
တ်ပြုနေရာမှ...Lisa တို့ဆီလျှောက်လာပြီး....
မေးလိုက်ခြင်းပါ....။Lisa နဲ့ ဖာသာက...အရမ်းရင်းနှီးနေကြပြီမို့...သူများတွေလို ဖာသာလို့ မခေါ်ဘဲ...Appa လို့သာ..ခေါ်သည်။
.
"ကျောင်းကနေ တစ်ခါတည်း လာကြတာလား..."

"Nae. .."

သေချာတာပေါ့. .Lisa တို့က...ကျောင်း Uniform နဲ့ ၀တ်ထားကြတာကိုး....။

" appa ကို လွမ်းလို့လေ..."

"မင်းကတော့ ပိုပြန်ပြီ..အခုရော ထမင်းစားကြပြီးပြီလား...."

"ဘယ်သွားစားရမလဲ Appa ya! Lisa တို့က ကျောင်းကနေ ထွက်လာခဲ့ပြတာလေ.."

Lisa ကဘာပြောပြော ဒဲ့ပြောတတ်တာမို့ သူ့အမေးအပြီးမှာ Lisa ဖြေလိုက်တာကို နားထောင်ပြီး...ခပ်ရေးရေးလေး ပြုံးလိုက်သည်။

"ဟုတ်ပါပြီ...ဒါဆို...တစ်ခုခုစားဖို့ လုပ်ထားခိုင်းလိုက်မယ်..."

"အဲ့ဒါ ကောင်းတယ် Appa. .
"မလုပ်ခိုင်းပါနဲ့ appa "

တစ်ပြိုင်နက်တည်း..ထွက်လာတဲ့ jenနဲ့ Lisa တို့နှစ်ယောက်ရဲ့အဖြေစကား...
ဒါပေမယ့်....
မတူညီတဲ့..ဆန်ကျင့်ဘက်တွေပေါ့....
Lisa က အမြဲတမ်း ဘုရားကျောင်းကို သွားလာနေတာကြောင့်...သူ့ရဲမိသားစုဝင်တွေလို သဘောထားပေမယ့်...jen ကတော့...အားနာတဲ့အနေနဲ့ ငြင်းဆိုလိုက်သည်။...

"ဘယ်လိုလဲ ငါဘယ်သူ့ စကားကို အတည်ယူရမလဲ..."

ဖာသာက ပြန်မေးလာပြန်သည်။
Jen က Lisa ရဲ့မျက်နှာကို မကြည့်ရဲခဲ့...Lisa သူမမျက်နှာကို လှည့်ကြည့်လိုက်တော့ ခေါင်းငုံ့ထားသည်။.
.
"ကိုကိုက...honey ရဲ့ဆန္ဒကို လိုက်လျောပေးရမှာပေါ့နော် ဟုတ်လား...ကိုယ့်ရဲ့နှလုံးသားလေး"

"😶....

ဖာသာရှေ့မှာပင်...သူမကိုနမ်းမတတ် နီးကပ်လာတဲ့ သူ့ရဲ့ နှာခေါင်းချွန်ချွန်လေးကြောင့်...သူမမှာ အနည်းငယ်...လန့်သွားသည်။
နောက်ဆက်တွဲ သုံးနှုန်းလိုက်တဲ့..နာမ်စားလေးကြောင့်...jen ခမျာ ပါးနှစ်ဖက်လုံး ပန်းနု ရောင်သမ်းသွားခဲ့သည်။
.
"Appa  Lisa ရဲ့ဇနီးလောင်း စကားအတိုင်းပါနော်...Lisa တို့ဘာမှ မစားတော့ပါဘူး..."

Never Say Me Goodbye Where stories live. Discover now