.
အပြောကျယ်တဲ့ ကောင်းကင်ကြီးအောက်မှာ...
.
သဘာဝက ပေးစွမ်းတဲ့အလှတရားတွေက များစွာ ရှိနေသည်။..
ကျယ်ပြန့်လှတဲ့...မြက်ခင်းပြင်ကြီးပေါ်မှာ...ဖြောင့်တန်းစွာ ပေါ်လွင်နေတဲ့ မြေနီလမ်းလေး...။
.
လမ်းလေးရဲ့ ဘေးနှုတ်ခမ်းလေးတွေမှာ...
ပေါက်ရောက်နေတဲ့ ရောင်စုံပန်းပင်ငယ်လေးတွေ...
ပန်းဝတ်ရည်ကို လာရောက်စုပ်ယူနေကြတဲ့ ပျားကလေးတွေ...🐝
လိပ်ပြာငယ်လေးတွေ...
.
တစ်ပင်နဲ့တစ်ပင်..မနီးမဝေး ပေါက်ရောက်နေတဲ့..🌳သစ်ပင်လေးတွေ...
.
ငေးရင်း...အဆုံးမရှိတဲ့လမ်းမပေါ်ကို jen တစ်ယောက်လျှောက်နေမိသည်။...
ခပ်လှမ်းလှမ်းမှာ လှမ်းမြင်နေရတဲ့...တံတားဖြူလေးတစ်ချောင်း....
တံတားလေးဆီသို့ လျှောက်လာရင်း...နေကြာပန်း🌻🌻ခင်းကြီး...တစ်ခင်းကို လှမ်းမြင်လိုက်ရသည်။...
ရှေ့ကနေ တိုးဝှေ့လာတဲ့ လေညှင်းလေးတွေဆီက သယ်ဆောင်လာတဲ့...ရယ်သံသေးသေးလေး...."ခစ်😁..ခစ်😁...Appa. .မီးကို မီအောင်လိုက်...ဟီ့😊...
မပီကလာ ပီကလာ အသံလေးနဲ့..ရှေ့ကနေပြေးရင်း ပြောနေတဲ့ ကလေးမလေးတစ်ယောက်နဲ့ သူမရဲ့ဖခင် ဖြစ်သူပြုံးရင်း လိုက်နေသည်။...နေကြာပန်းတွေကြား ၀င်သွားကြသည်။...
.
အဝါနဲ့ အပြာ နှစ်ရောင်စပ်..ဆွယ်တာအစင်းလေးကို ဆင်တူဝတ်ထားတဲ့ ထိုပျော်ရွှင်နေကြတဲ့ သားအဖ နှစ်ယောက်ကို ကြည့်ရင်း jen တစ်ယောက် ကျေနပ်စွာပြုံးနေမိသည်။
..
Jen ရဲ့စိတ်ထဲမှာလည်း ထိုသားအဖကို တွေ့ဖူးသလို...ရှိနေတာကြောင့်...
အနားကို လျှောက်သွားလိုက်သည်။..
.
"Appa. ." ဗျာ...သမီးလေး.."
"ခနနားရအောင်လေ...ပြီးရင်. .သမီးကို လိပ်ပြာလေးတွေ ဖမ်းပေးရမယ်.."
YOU ARE READING
Never Say Me Goodbye
Fanfictionအချစ်စစ်ဆိုတာ... ရှာရင်မတွေ့နိုင်ပါဘူး.. ကိုယ်တိုင်တည်ဆောက်ရတာပါ...