.
သူနေခဲ့တဲ့ အခန်းလေးထဲမှာဘဲ...
Jen တစ်နေကုန်...အချိန်တွေ...
ကုန်နေခဲ့သည်။...
တချို့ယောကျာ်းလေးတွေက...
အခန်းကို သပ်သပ်ရပ်ရပ်...
သိမ်းဆည်းထားတတ်သည်။...
.
စည်းကမ်းကြီးပြီး...
ချုပ်ချယ်တတ်...ကပ်စီးနဲကော်တရာ...ဇီဇာကြောင်တတ်တဲ့...
ယောကျာ်းလေးတွေက...
နေရာတကာ...သူတို့ရဲ့ကိုယ်ပိုင်..ပစ္စည်းတွေစနစ်တကျ...ထားတတ်တာဘဲလို့...jen ထင်ခဲ့သည်။..
.
ဒါပေမယ့်...Lisa ကအဲ့လိုမဟုတ်...သ၀န်တိုတာက လွဲရင် သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သေချာ..မှန်ဗီဒိုထဲမှာ သိမ်းထားသည်။...
.
အရုပ်လေးတွေက..သူ့အကြိုက်ဖြစ်မယ် ထင်သည်။...
များစွာသော အရုပ်တွေက ပုံစံမျိုးစုံ သူ့ဆီမှာရှိသည်။...
Jen နဲ့အတူမနေဖြစ်ခင်ကတည်းက သူ့အရုပ်တွေက ရှိနေသည်။..
သူ့အရုပ်တွေများသလောက်...ငယ်ငယ်ကဆို jen ဆီကအရုပ်တွေက သူလုယူသေးသည်။...
သူယူထားထားအရုပ်တွေကို တချို့ကလေးတွေလို ဖျက်စီးပစ်လိုက်တာမဟုတ်ဘဲ...
ဗီဒိုသပ်သပ် တစ်လုံးထဲမှာ စီထည့်ထားသည်။
.
စာအုပ်စင်ပေါ်မှာလည်း...စာအုပ်မျိုးစုံ...Couple ဖန်ခွက်လေးတွေ...ပန်းကန်လေးတွေ...စရာအရုပ်လေးတွေကအစ Couple ...အမျိုးအစားတော်တော်စုံသည်။...အဲ့ဒါကတော့...
စာအုပ်တွေနဲ့အတူ ထား
... ထားသည်။
.
တစ်ခုတော့ ရှုပ်ပွနေတာရှိသည်။
အဲ့ဒါက သူ့အ၀တ်ဗီဒိုလေးပါ...
အပေါ်မှအောက်....အောက်မှအပေါ်ကို ဆွဲလှန်ထားပြီး...
ဝတ်ပြီးတာရော မ၀တ်ပြီးတာရော ရောသမမွှေထားသည်။..
Jen ကဘဲ သူ့အ၀တ်ဗီဒိုကို ရှင်းပေးနေရသည်။...
သူ့ရေချိုးခန်းထဲမှာ jen ထားပေး ထားတဲ့ ခြင်းတောင်းထဲမှာ ၀တ်ပြီးသား အ၀တ်တွေကို တစ်ခါမထည့်...
သူချိတ်ချင်တဲ့နေရာချိတ်...
ထားချင်တဲ့နေရာ ထားတတ်သည်။
ဒါလည်း jen ဘဲ လိုက်ကောက်စုပေးရသည်။
အဲ့ဒီတစ်ခုကတော့ Lisa သပ်သပ်ရပ်ရပ်မရှိ...။
.
Jen ဒီနေ့ သေချာရှင်းပေးပြီး...
သူ့အခန်းထဲကနေ ပြန်ထွက်လာလိုက်သည်။...
အခန်းတံခါးကို ပိတ်ဖို့ လုပ်လိုက်တော့ jen ရင်ဘတ်တွေ မွန်းကျပ်လာသည်။..လွမ်းနေသလိုလိုနဲ့ ဒီအခန်းလေး တွယ်တာနေသလိုလို ထွက်မသွားချင် သလိုလိုနဲ့..အမည်မဖေါ်နိုင်တဲ့ ခံစားမှုတစ်ချို့ကို...မခံစား နိုင်တော့တဲ့ အဆုံး ထိုအခန်းထဲကို ပြန်ဝင်လိုက်သည်။
.
"ကိုကို...jen ကို ဘာနဲ့ပြုစားထားတာလဲဟင်!...😢ကိုကို မရှိတဲ့အခန်းလေးထဲမှာတောင်...
မခွဲနိုင် မခွာရက်ဖြစ်နေတာ..ကိုကို အငွေ့အသက်တွေနဲ့သာ ပြည့်နက်နေတဲ့...ဒီအခန်း...jen မထွက်သွားနိုင်ဘူး...အီး😭...ဟီး😢...ရူးချင်လာပြီ...အဟင့်..😭..
.
.
မနက်ဖြန်ဆို ဘူဆန်ကို ပြန်ရတော့မှာမို့...jen ..Lisa ကိုအရမ်းတွေ့ချင်နေသည်။...
.
အတွေးပေါက်လာသလို...Lisa နဲ့ သွားခဲ့တဲ့ ဘုရားကျောင်းကြီးဆီကို ထွက်လာလိုက်သည်။
.
ဖာသာက ပြောဖူးတယ်လေ Lisa ကစိတ်ညစ်တိုင်း...အဲ့ဘုရားကျောင်းကို သွားနေကြဆိုတာ ကြိုသိနေခဲ့လို့....
YOU ARE READING
Never Say Me Goodbye
Fanfictionအချစ်စစ်ဆိုတာ... ရှာရင်မတွေ့နိုင်ပါဘူး.. ကိုယ်တိုင်တည်ဆောက်ရတာပါ...