Part 31..

2.4K 97 35
                                    

.
✈✈✈....
.
Lisa. ..တစ်ယောက် နိုင်ငံခြားမှာ...ကျောင်းတက်နေရတော့..သူများနည်းတူ...
ကျောင်းစာတွေနဲ့ လုံးပန်းနေရတာ...တစ်ချို့သော..ညဘက်တွေမှာ...
အိပ်ရေးမ၀ခဲ့...။
.
လေယာဉ်ပေါ်မှာလည်း...တစ်ချက်ကလေးတောင် မအိပ်ငိုက်မိ...
Jen အတွက် စိတ်ပူလွန်းလို့ ဖြစ်နိုင်သည်။
.
တစ်ချို့လူတွေက...
ထိုင်ခုံ နောက်ကျောကိုမှီပြီး အိပ်နေလိုက်ကြတာများ အပူအပင် ကင်းမဲ့စွာ....
Lisa မှာတော့....Korea မြေကို အမြန်ရောက်အောင်သာ အကြိမ်ကြိမ် ဆုတောင်းနေမိသည်။....
.
(6:00)နာရီ နီးပါး လေယာဉ်စီးပြီးတော့ သူတောင်းတနေတဲ့ Korea Airport ဆီကို လေယာဉ်ကြီးက ဆင်းသက်သွားလေပြီ။...
သူများတွေလို Luggage ဆွဲစရာမလိုတာကြောင့်...
လွတ်လပ်ပေါ့ပါးစွာဖြင့်...လေယာဉ်ပေါ်ကနေ မပြေးရုံ တမယ်..အမြန်ဆင်းသွားလိုက်သည်။....
Airport ကအထွက်မှာဘဲ Taxi တစ်စီး တားပြီး ဘူဆန်မြို့ရှိ ဆေးရုံကြီးဆီသို့ ဦးတည်လာခဲ့သည်။
.
သူပြန်ရောက်လာတဲ့ အချိန်ကတော့...အခုဆိုရင် ညနေ ၄နာရီဘက်ကို နာရီ လက်တံက ညွှန်ပြနေခဲ့ပြီ။
.
သူဆေးရုံရှေ့ကို ရောက်တော့..
ညနေ (၆)နာရီတောင် ထိုးနေသည်။
.
ဆေးရုံထဲကို Lisa သုတ်ခြေတင်ဝင်သွားလေသည်။..
ပထမထပ်လည်း သူ...nurse..ကောင်တာမှာ.. မေးကြည့်သည်။
.
"ဆရာမ...ဘူဆန်က...K Company ပိုင်ရှင်ရဲ့သမီး..မွေးလူနာ..Kim jennie လေ...ဘယ်အခန်းလဲသိချင်လို့ပါ...."

"ခနလေး စောင့်ပေးပါရှင့်..ကျွန်မတို့ မွေးလူနာစာရင်း ကြည့်ပေးပါ့မယ်..."

"ဟုတ် ကျေးဇူးပါ ဆရာမ''

Nurse မလေးက မွေူလူနာ စာရင်းရှာပေးပြီးတော့..

"MrsKim jennie က ဒီအထပ်မှာ မရှိဘူးရီင် ဒုတိယ အထပ်မှာ.သွားရှာကြည့်လိုက်ပါ.."

"Nae  ကျေးဇူပါ ကျွန်တော့်ကို ခွင့်ပြုပါအုံး.."

"ကြွပါ လူကြီးမင်း Shii "
.
ပထမထပ်မှာ
မရှိတာကြောင့်.....
ဒုတိယထပ်ကို Lisa ရောက်သွားခဲ့သည်။...
သူရင်တွင်းမှာတော့..တကယ် ပြောမပြတတ်အောင်...ပူလောင်နေသည်။
.
နောက်ထပ် တစ်ကြိမ်...Nurse ကောင်တာဆီ သွားမေးကြည့်ပြန်သည်။...
.
"ကျွန်တော့်ကို မွေးလူနာ Kim jennie ရဲ့အခန်းနံပတ်ကို သိချင်လို့ပါ.."

Never Say Me Goodbye Where stories live. Discover now