Part 22..

3.1K 102 15
                                    

.
Mr manoban တစ်ယောက် ဒီနေ့တော့..အစောကြီး..ဘူဆန်ကို ရောက်နေခဲ့သည်။...
သူ့ရဲ့ တစ်ဦးတည်းသောသူငယ်ချင်းဖြစ်တဲ့...Mr Kim ရဲ့ သတင်းကို ကြားကြားချင်း...သွားရောက်တွေ့ဆုံဖို့ပါ...။
.
ကြီးမားကျယ်ဝန်းသော ခြံကြီးထဲသို့...
နန်းတော်ကြီးသဖွယ်...ခမ်းနားကြီးကျယ်တဲ့..အုတ်ကျိုးရောင်...(၃)ထပ် တိုက်အိမ်ကြီးရဲ့...ခြံရှေ့ကို ကားရပ်လိုက်သည်နှင့်....
တံခါး..အစောင့်တွေက....
တံခါးမဖွင့်ခင်...

"လူကြီးမင်း ခင်ဗျ...ဘယ်သူနဲ့ တွေ့ချင်ပါသလဲ..."

"ကျွန်တော်က..Mr Kim ရဲ့မိတ်ဆွေပါ...သူနဲ့တွေ့ချင်လို့ပါ.."

"Mr manoban ဆိုသူလား..ခင်ဗျ..."

"ဟုတ်ပါတယ်...ကျွန်တော်ပါ.."

"အထဲကို..ကြွပါခင်ဗျ...သူဠေးက အိမ်ထဲမှာပါ..."

"ဟုတ်ကဲ့ပါ ခင်ဗျ..."

ဒီအခါကျမှ...Mr manoban ရဲ့ကား ခြံကျယ်ကြီးထဲ ၀င်ဖို့ တံခါးစောင့်တွေက တံခါးဖွင့်ပေးလိုက်သည်။
.
ကားပေါ်ဆင်းလိုက်တော့...
.
Mrs Kim ကအိမ်ထဲကနေ လှမ်းမြင်နေရသည် ထင်သည်။
ချက်ချင်း ထွက်လာပြီး...
.
"Manoban လာလေ..အိမ်ထဲကို. .Kim က အခုထိ မနိုးသေးဘူး.."

"ရပါတယ် hyo ya! ငါက အရေးမကြီးပါဘူး..ဒီကောင်ကြီး...သက်သာတယ် ကြားလို့ ချက်ချင်း လိုက်လာတာ.."

"အင်းပါ...Breakfast စားပြီးပြီလား...:

"လမ်းမှာ စားခဲ့ လိုက်တယ်..."

"ဟာ! နင်ကလည်း ဒီကို လာမှာဘဲဟာကို လမ်းမှာ စားလိုက်ရလား..."

"စိတ်မဆိုးပါနဲ့ဟာ...ပြန်ခါနီး စားမှာ..."

"ပြန်ခါနီးတောင် မစားပြန်ရင်လည်း နင့်နောက် ဆိုးလ်ကို လိုက်မပြန်တော့ဘူး.."

"နင့် သမီးကို စိတ်ချတယ်ပေါ့.."

"သား Lisa ရှိနေတာဘဲ..."

"ငါတော့ ငါ့သားနဲ့ နင့်သမီးကို တူတူ ထားတာ စိတ်မချဘူးဟာ.."

"သူတို့က စေ့စပ်ထားပြီးပြီဘဲ ဘာစိတ်မချ စရာရှိလို့လဲ.."

"ငါ့သားက သမီးလေးအပေါ်..ဘယ်လိုဆိုးလဲဆိုတာ နင်သိရဲ့နဲ့..."

Never Say Me Goodbye Where stories live. Discover now