Part 23

2.7K 116 31
                                    

.
Lisa ...Nurse တွေနဲ့ jen ကိုအပ်ထားလိုက်ပြီး...ဆေးရုံကနေ ထွက်လာလိုက်သည်။...
.
အိမ်အပြန်လမ်းမှတော့...သူ့အတွက် တကယ် အထီးကျန်နေသည်။..
သူ့ရဲ့ အထီးကျန်ခြင်းများစွာထဲက ဒီတစ်ခါ အထီးကျန်ခြင်းက ပိုပြီး ခံစားရခက်သည်။...
.
Chaeyoung က jiSoo ကို အိမ်အရောက် ပြန်လိုက်ပို့ပေးတာမို့...
အိမ်မရောက်ခင် လမ်းတစ်ဝက်အရောက်မှာ...ခေါင်းငိုက်စိုက်ပြီး...လမ်းလျှောက်ပြန်နေတဲ့ lisa နဲ့ ဆုံသွားသည်။

"Soo ya! ဟိုမှာ...အစ်ကို Lisa မဟုတ်လား..."

"ဟင်! ဟုတ်သားဘဲ ဒါနဲ့ ဘာဖြစ်လာလဲမသိဘူး...ခေါင်းမှာလည်း ပတ်တီးကြီးနဲ့....တခြားလူတွေနဲ့...ရန်ဖြစ်လာပြန်ပြီးနဲ့ တူတယ်. "

"Young တို့ သွားမေးကြည့်ရအောင်..."

"အင်..သွားလေ..."

Young နဲ့ Soo တို့ရဲ့ကားက...Lisa အနားကိုရောက်သွားတဲ့အထိ..Lisa မသိလိုက်...jisoo က ကားပေါ်ဆင်းလိုက်ပြီး...

"ကိုကို ဘာဖြစ်လာတာလဲ.."

"ညီမလေး...jen က..ကိုကို့ ကို မတွေ့ချင်တော့ဘူးတဲ့ အသံလည်း မကြားချင်ဘူးလို့ ပြောတယ်😢..."

"ဘယ်လိုဖြစ်ကြတာလဲ...ကိုကိုရယ်.."

"ကိုကိုက သူ့ကို ပန်းခြံမှာသွားတွေ့တယ် သူက ညီမလေးနဲ့ အတူသွားပြီး...Kai  ဆိုတဲ့ ဟိုကောင်နဲ့ စကားတွေ ပြောနေလိုက်တာ ရယ်လို့...သူတို့ နှစ်ယောက်တည်း ဆိုတော့ ကိုကို...ကြည့်ပြီး မခံစားနိုင်လို့ သူ့ကို တစ်ခြားတစ်ယောက်လုသွားဖို့ မပြောနဲ့ သူ့အပြုံးကို တခြားလူကိုပေးတာတောင် ကိုကို မကြိုက်ဘူး...အကြောင့် ကိုကို သူ့အပေါ်မှာသွားခဲ့တယ်..အခု သူ့ကို ဆေးရုံတင်ထားတယ်..."

"ဟာ!..အထင်လွဲနေကြတာ...အစ်ကို ya! ..unnie က ကျွန်တော်နဲ့ Soo စကားပြောနေတာမို့ ပန်းခြံထဲ လျှောက်ပတ်ကြည့်နေတာ...unnie က Kai နဲ့ ဒိတ်နေတာ မဟုတ်ပါဘူး...အစ်ကို အထင်လွဲနေတာပါ..."

"အဲ့လိုလား..ဒါဆို အစ်ကို အများကြီး မှားသွားပြီပေါ့ သူရှင်းပြမှာကို...လက်မခံခဲ့ဘဲ ဇွတ်လုပ်ခဲ့တယ်..ကိုယ် ဘာဆက်လုပ်ရမလဲ...အခုဆို သူက အစ်ကို့ကို ခါးခါးသီးသီးဖြစ်နေပြီ..."

Never Say Me Goodbye Where stories live. Discover now