"မေမေရေ သား လမ်းထိပ်က ရေကစားမဏ္ဍာပ်ကို သွားလိုက်ဦးမယ်နော် ခဏပဲသိလား"
"အေး အေး အကြာကြီးလုပ်မနေနဲ့အုံး"
"ဟုတ်ကဲ့ပါဗျာ သိပါတယ် သွားပြီဗျို့"
မေမေ့ကိုအော်ပြောရင်း ခြံထဲမှာရပ်ထားတဲ့
ပြိုင်ဘီးလေးကိုစီးကာ လမ်းထိပ်ဘက်ကိုထွက်လာခဲ့လိုက်တယ်...
ဒီနေ့က သင်္ကြန်အကြိုနေ့ပဲရှိသေးတာမို့ လူသိပ်မစည်လောက်သေးပါဘူး.
မနက်ဖြန်လောက်မှ လူများလိမ့်မယ်ထင်တယ်...
အတွေးတွေနဲ့နင်းလာလိမ့်တာ ရေကစားမဏ္ဍာပ်ကို
ရောက်လာခဲ့ပါပြီ...ရပ်ကွက်ထဲက
ကလေးတွေအကုန်လုံး ဒီမှာလာစုနေလို့ လမ်းမှာရေပက်မဲ့သူတောင်မရှိဘူး...
အဲ့ဒါကြောင့် Planဆိုတဲ့အမျိုးကောင်းသားလေး
ကျွန်တော့်မှာ ခုချိန်ထိရေတစ်စက်မှမစိုသေးပါဘူးဗျာ....
မဏ္ဍာပ်အနောက်ဘက်နားလေးမှာ စက်ဘီးကိုသော့ခတ်နေတုန်း
အနောက်ဘက်ကအော်ခေါ်သံကြားလိုက်ရတယ်..."Plan...ဟဲ့ Plan"
အနောက်လှည့်မကြည့်ပေမဲ့ အသံကြားတာနဲ့သိလိုက်ပါပြီ...
ဘယ်သူရှိလိမ့်မလဲ...
ကျွန်တော့်ရဲ့ငယ်ပေါင်းကြီးဖော်
ပြောမနာဆိုမနာ အချိန်တိုင်းလိုလို စကားနိုင်လုဖော်လုဖက်ကြီး
မယ်Thitပေါ့...
သူ့အသံကိုကြားပေမဲ့ စက်ဘီးကို
သော့ခတ်ဖို့လုပ်နေဆဲမို့ လှည့်မကြည့်ပဲ ပြန်ဖြေလိုက်တယ်..."ဘာလဲ ငသစ်ရာ ဘာလဲပြော"
"နင်ဘာလို့နောက်ကျနေတာလဲ
ငါလာတုန်းကနင့်အိမ်ဘက်ကို
လှမ်းကြည့်လိုက်သေးတယ်..
နင့်ကိုမတွေ့လို့သွားပြီထင်နေတာ""ငါလဲစောစောလာမလို့ပဲ ဒါပေမဲ့
မနေ့ညကဂိမ်းအဆော့ကောင်းပြီး
အိပ်ရာထနောက်ကျသွားလို့ဟ
ဘာဖြစ်လို့လဲ ပြော...ပြော"သော့ခတ်တာပြီးသွားပြီမို့ စကားပြောရင်း နောက်ဘက်ကိုလှည့်ကြည့်လိုက်ချိန်မှာ
လူတစ်ယောက်ကြောင့် Planစကားတွေ
ထစ်ကုန်ရတယ်...ရုတ်တရက်မို့
စကားထစ်သွားရပေမဲ့ ချက်ချင်းပဲ
ငသစ်ဘေးကအစ်ကိုကြီးကို
ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး စိတ်ထဲကနေမှတ်ချက်ပြုလိုက်မိတယ်...
အားပါးပါး...ဒီအစ်ကိုကြီးအရမ်းချောတာပဲလို့...
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်