အဲ့ဒါကြောင့် ခုန ဒီကလေး အိမ်ထဲ၀င်လာတုန်းက ဖြူဖတ်ဖြူရော်ဖြစ်နေပါတယ် ထင်တာ...။ ဆရာ၀န်ဖြစ်ပြီး ဆေးရုံမှာတောင် မူးလဲတယ်ဆိုတော့ မဖြစ်သေးဘူး သေချာဂရုစိုက်ဦးမှပဲ..." လီလီရေ...မိန်းမရေ....ကျန်းလီလီ..."
" လာပြီ လာပြီ ဘယ်လိုဖြစ်လို့ အဲ့လောက်အော်နေတာလဲ..."
" ငါတို့သားလေး နေမကောင်းဘူး...မနေ့ညက ဆေးရုံမှာတောင် မူးလဲတယ်တဲ့...။ အဲ့ဒါ ခဏနေ ဆေးတိုက်ဖို့ မင်း သားအကြိုက် ၀က်ကြာစွယ်စွပ်ပြုတ်လုပ်ပေးထားဦး..."
" ဟင်...ဟုတ်ပြီ ဟုတ်ပြီ...ဒီကလေးကတော့ နေမကောင်းတာကိုလည်း ပြောမသွားဘဲ ထိုးအိပ်နေတယ်...။ ဒါဆို ခုပဲ စွပ်ပြုတ်သွားလုပ်လိုက်တော့မယ်..."
"" ဘာ...ငါ့မြေးလေး မူးလဲထားတယ် ဟုတ်လား...။ ကလေးက အဲ့ဒါကြောင့် ပြန်လာတုန်းက မျက်နှာလေး နွမ်းနေပါတယ်ထင်နေတာ...။ မြေးလေး နေမကောင်းဖြစ်နေတာကို ဖအေဖြစ်တဲ့ မင်းက ဘာထိုင်လုပ်နေတာလဲ...ငါ့ဆေးရုံက သမားတော်ဖြစ်ဖြစ် လှမ်းခေါ်လိုက်လေ..."
" ခေါ်ထားပါတယ် ပါးရယ်...။ Prof Wang ကိုယ်တိုင်လာလိမ့်မယ်..."
"" သူကိုယ်တိုင် လာမှာလား ကောင်းတယ် ကောင်းတယ်...။ ပြီးတော့ အဲ့ဒါ မင်းဆူဆူနေလို့ ကလေးက စိတ်ဆင်းရဲပြီး ဖျားတာနေမယ်...နောက်ဆို ကလေးကို အသံမာမာနဲ့တောင် မပြောမိစေနဲ့..."
" ဘယ်ကသာ ကျွန်တော် မဆူပါဘူး... ဒီသားလေးတစ်ယောက်ပဲရှိတာကို..."
"" မင်းဟိုရက်က ဆေးရုံထိလာဆူတာ ငါမသိဘူးများမှတ်နေလား..."
" ပါးကလည်း ဇွတ်ပဲ...။ အာ...Yibo လာပြီထင်တယ်...ဒီကောင် မြန်လိုက်တာ..."
ကျွန်တော် တံခါးဖွင့်ပေးလိုက်တာနဲ့ အိမ်ထဲကို ဝုန်းဒိုင်းပြေးဝင်လာတာမို့ မနည်းတားယူလိုက်ရတယ်...
" ဖြည်းဖြည်းဝင်ပါကွာ...ငါ့လည်း တိုက်မိကုန်တော့မယ်..."
" Sorry..Sorry...ဘယ်မှာလဲ ကလေး..."
" ဟမ် ကလေး ဘယ်ကလေးလဲ..."
" မင်း သားကို ပြောတာလေ..."
" မင်းဘိုးတော်...ငါ့သားကို ဘာကလေးလဲ...။ မင်းကို ငါနည်းနည်းတော့ ကြည့်မရချင်တော့ဘူး..."
YOU ARE READING
Perfect Imperfection (Season 2) [Completed]
FanfictionImperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Wang Yibo...