Chapter 28 (Final)

11.4K 948 255
                                    


ကျွန်တော် ပြောဖူးတယ်မလား...နှင်းတွေကျတာကို မုန်းတယ်လို့လေ...။ အဲ့လိုမုန်းလို့ပဲလားပဲ...ဒီနေ့လည်း အပြင်ဖက်မှာ နှင်းတွေကျနေပြန်ပြီ...။ နှင်းကျတဲ့ရက်တွေက ကျွန်တော့်အတွက်တော့ ခွဲခွာခြင်းတွေကိုပဲ ဆောင်ကြဉ်းပေးသလိုပါပဲ...

ကျွန်တော် ပါးကို ခဏစောင့်ခိုင်းပြီး သူတို့နှစ်ယောက်နား ပြေးလာလိုက်တယ်...

" Profတို့ မလာတော့ဘူးလားလို့..."

ကျွန်တော် Jianလက်ထဲကို Diary နဲ့ ဆွဲကြိုးထည့်ပေးလိုက်တယ်...

" Profစည်းကမ်းရှိချက်ပဲ...နှစ်တွေကြာနေတာတောင် စာအုပ်လေးက မပျက်စီးသေးဘူးပဲ...။ ရော့ ဒီမှာ Profတို့အတွက် လက်ဖွဲ့..."

ကော ထုတ်ပေးလာတဲ့ လက်ဖွဲ့ဆိုတာကို ကြည့်လိုက်တော့ သော့တွဲလေးတစ်စုံ...။ ကျွန်တော်တို့နှစ်ယောက်လက်ကို ဆွဲယူလိုက်ပြီး Profလက်ထဲထည့်ပေးလာတယ်...

" အစက ဒီအိမ်ကို ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ...။ မင်းကို ကောခေါ်သွားဖူးတဲ့ မြို့ပြင်ကအိမ်ကို လက်ဖွဲ့အနေနဲ့ ပေးခဲ့ချင်လို့...။ ဒီအိမ်က Profတို့အပိုင်ဖြစ်သွားပြီဆိုတော့ ကြိုက်တာလုပ်လို့ရတယ်နော်...ကျွန်တော် စာချုပ်မှာလည်း တစ်ခါတည်းလက်မှတ်ထိုးပေးထားခဲ့တယ်...။ တစ်ခါတလေ လွတ်လွတ်လပ်လပ်သွားနေချင်လည်း ရတယ်...ဒါမှမဟုတ် မြို့ပြင်ထိဖြစ်နေလို့ အဆင်မပြေလည်း အဲ့အိမ်ကို ရောင်းလိုက်ပြီး အဆင်ပြေသလိုလုပ်လိုက်ကြနော်..."

ကျွန်တော်တို့ ဘာမှကို ပြန်မပြောနိုင်...

" ကျွန်တော်ငယ်ငယ်က အကောင်တွေအများကြီးမွေးဖူးတယ်...။ သူတို့သေသွားရင် Bodyguardတွေကို ပစ်သတ်ဖူးတယ်...။ နောက်ပိုင်း အဲ့လိုတွေ ကျွန်တော့်ကို ထားသွားကြတာမကြိုက်လို့ အကောင်မမွေးတော့ပဲ ဒီအိမ်ကို ဝယ်ခဲ့တာ...။ အဲ့နေရာကို ကျွန်တော်သဘောကျတယ်...သီးသန့်ကမ္ဘာလေးလိုပဲ...။ အဲ့တုန်းက အိမ်နာမည်ကို Xiaozhanလို့ပေးရင် လူရယ်စရာကြီးဖြစ်နေမှာစိုးတာနဲ့ ဘာရယ်မဟုတ်ဖူး အဲ့တုန်းက ပန်းချီဆရာ Xiaozhan ဆိုတာတွေ့မိတာနဲ့ တစ်အိမ်လုံးကို သူ့ပန်းချီကားတွေနဲ့ အလှဆင်ထားတာ....

Perfect Imperfection (Season 2) [Completed]Where stories live. Discover now