Chapter 9

7.2K 851 97
                                    


ဆေးရုံဆင်းပြီးတာ‌တောင် ဖိုးဖိုးအမိန့်ကြောင့် နှစ်ရက်လောက် အိမ်မှာနားနေလိုက်ရသေးတယ်...။ မားကလည်း စားကောင်းသောက်ဖွယ်တွေ ချက်ကျွေးတာမို့ လူကနည်းနည်းလေး ပြန်ပြည့်လာပြီ...

Duty ပြန်၀င်တော့လည်း စီနီယာက accident case တွေကို သိပ်မပေးပဲ ရိုးရိုးဖျားတာနာတာလောက်ပဲ ကြည့်ခိုင်းနေတာ..။ တကယ်ပါပဲ ရိုးရိုးမူးတာလေးကို လူမမာလို ဆက်ဆံနေကြတယ်...

ထမင်းစားချိန်ရောက်ရင်လည်း သားအဖနှစ်ယောက်က ကြက်စွပ်ပြုတ်တွေ အတင်းလာလာတိုက်နေသေး...ကျွန်တော်က ကြက်သားဆို လုံး၀မကြိုက်...။ မကြိုက်ပါဘူးဆိုလည်း အတင်းလာလာကျွေးနေကြတာမို့ ထိုးထိုးအန်ပြလိုက်မှ လက်လျှော့သွားတာ...။ ဟွန့် ဝေ့ရင်းကိုများ ဘာမှတ်နေကြလဲ မကြိုက်ဘူးဆို မစားဘူးပဲ...

အခုတလော ဖိုးက ကျွန်တော့်သူငယ်ချင်းတွေကိုရော Prof နဲ့ စီနီယာ့ကိုပါ နေ့လည်စာ တူတူစားဖို့ အမြဲခေါ်‌ခေါ်ကျွေးနေတာ...။ ဖိုးပြောတာတော့ ဒီမှာ House ဆင်းနေတုန်းလေးပဲ တူတူစားရတာ ဆိုပဲ...။ သူငယ်ချင်းတွေနဲ့ပဲ လွတ်လွတ်လပ်လပ် စားချင်ပါတယ်ဆိုမှ ခုတော့ Profကြီးနဲ့ပါ တူတူစားနေရတယ်....။ Prof က ကျွန်တော့်ပန်းကန်ထဲကို ဟင်းတွေလိုလေသေးမရှိ ထည့်ပေးတတ်ပေမယ့် သူငယ်ချင်းတွေနဲ့ စကားပြောရင်ကျ နည်းနည်းမှမကြိုက်...အဲ့တော့ ထမင်းစားရင်း စကားမပြောရတာ ဘယ်လောက်တောင် ပျင်းဖို့ကောင်းတဲ့ စားပွဲဝိုင်းကြီးလဲ...

" မြေး... Prof ထည့်ပေးနေတာတွေ စားလေ...မြေး အားရှိအောင်စား ကြားလား...။ ကြည့်ဦး  Prof Wangက မြေးကို ဖိုးတို့ထက်တောင်စိတ်ပူနေပုံပဲ...."

" ဟွန့် စိတ်ပူရအောင် မြေးက သုံးနှစ်သားမှ မဟုတ်တာ..."

"" သုံးနှစ်သားဆိုရင်တောင် ချီထား ပိုးထားလို့ရသေးတယ်...ခုလို 20 နှစ်သားလေးက ပိုထိန်းရခက်တယ်...." Prof က အဲ့လိုထပြောလာတာနဲ့  ကျင်းရီက....

"" Profကြီးကလေ.. ဒီမှာကြည့် ကျွန်တော်တို့ အကုန် အသက်အတူတူပဲသိလား..."

" ငါ့ကို ပြန်ပြန်မပြောနဲ့ မင်း ငါ့ ward ရောက်လာလို့ကတော့ သေပြီသာမှတ်..."

Perfect Imperfection (Season 2) [Completed]Where stories live. Discover now