ကျွန်တော် ဆေးရုံရောက်နေတာတောင် ကျန်းချန်တို့ကားက ရောက်မလာသေး...။ စစ်ကျွေးက ဒီနေ့ Duty ရှိနေတာမို့ သူ့ကို လိုအပ်မယ့် ဆေးတွေ အသင့်ပြင်ခိုင်းထားလိုက်ရတယ်...လူက ဆေးရုံရှေ့ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း...တော်တော်လေး စိတ်ပူမိနေတာမို့ ကိုယ်တိုင်ပဲ လမ်းထွက်ကြိုရတော့မလို တွေးနေတုန်း ကျန်းချန်တို့ကားက ဆေးရုံရှေ့တည့်တည့်ကို ရောက်ချလာတယ်...
နောက်ခန်းတံခါးပြေးဖွင့်ရင်း ကျန်းလီလီ ပေါင်ပေါ်က ဖြူဖျော့ပြီး ချွေးတွေလည်းနစ်နေတဲ့ ကလေးကို ပွေ့ချီလိုက်ရတယ်...
" ဟာ...ကလေးက သတိတောင်မေ့နေပြီ ကျန်းချန်..."
" ဟမ်...ဒါဆို မြန်မြန်ကုပါဦး ငါ့သားကို လုပ်ပါဦးဟ...။ သူခုနက accident မြင်ပြီး တော်တော်လန့်သွားတာနေမှာ..."
" လုပ်ပါဦး Dr. ရယ် သားလေးက ငယ်ငယ်တည်းက accident မြင်ရင် အရမ်းကိုလန့်ပြီး သတိမေ့သွားတတ်တယ်..."
" ပါးပါး ဒီမှာ ဒီကုတင်မှာချ..."
တစ်ယောက်တစ်မျိုး အမျိုးမျိုးစိတ်ပူနေကြတဲ့ ဘယ်သူ့စကားကိုမှ ပြန်မပြောနိုင်ပဲ...စစ်ကျွေးပြတဲ့ ကုတင်ပေါ် ကလေးကို အသာချပေးလိုက်သည်...။ နားကြပ်က ပါမလာတော့ စစ်ကျွေးလည်ပင်းမှာ ချိတ်ထားတဲ့ နားကြပ်သာဖြုတ်ယူပြီး ကလေးကို စမ်းသပ်လိုက်တယ်...။ Pressure တိုင်းတော့လည်း သွေးပေါင် တော်တော်ကျနေပြီမို့ လိုအပ်မယ့်ဆေးတွေ ဘယ်သူ့မှ on မနေတော့ဘဲ ကိုယ်တိုင်သာ ဆေးပြင်ပြီး ထိုးပေးလိုက်တော့သည်...
" Yibo ငါ့သားလေး ရရဲ့လား ငါ England ပို့ပြီး ကုရမလား စိုးရိမ်ရလား..."
" ဟာ..England ထိတော့ပို့စရာမလိုပါဘူး ငါရှိနေတာပဲ ငါကုပေးမယ်...။ အရမ်းမစိုးရိမ်ရတော့ဘူး သူအရမ်းလန့်ပြီး သွေးအားနည်းသွားလို့ ခဏသတိမေ့သွားတာ ခဏနေသတိရလာမှာပါ..."
" အေးပါကွာ ငါစိတ်ပူလွန်းလို့ပါ...မင်းကုနိုင်တယ်ဆိုလည်း မင်းဆီပဲ ငါ့သားကို အပ်ပါတယ်...။ ဒီကလေး သက်သာနေပြီဆိုပြီး မင်္ဂလာဆောင်ခေါ်သွားမိတာ ငါ့အမှား လူများပြီး မူးသွားတာနေမှာ..."
CZYTASZ
Perfect Imperfection (Season 2) [Completed]
FanfictionImperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Wang Yibo...