ကလေးကို ကျွန်တော်နဲ့အတူ သက်ဆိုင်ရာဆရာ၀န်အသီးသီးနဲ့ စတင်ခွဲစိတ်လိုက်ကြတယ်...။ ရင်ဘတ်ကိုထိုးလိုက်တဲ့ ဓားက နှလုံးကိုရှပ်ထိသွားရုံမို့ ကံကောင်းတယ်လို့ပဲ ပြောနိုင်တော့မလားပဲ...ဒါတောင်ခွဲစိတ်မှုက တကယ့်ကိုမှ စိုးရိမ်စရာ...။ ဗိုက်ကလည်း အူကိုထိသွားတာမို့ ဗိုက်ကိုဖွင့်ပြီး ထိုးမိတဲ့အူကို ပြန်ချုပ်ပေးနေရသည်...ခွဲခန်းထဲက ဆရာ၀န်တွေ ချွေးတဒီးဒီးနဲ့ လူနာအသက်ကိုကယ်နေသလို ခွဲခန်းအပြင်က ကျန်းမိသားစုတွေရဲ့ စိုးရိမ်မှုကလည်း ပြိုကျတော့မယ့် မိုးအလား...
ခွဲစိတ်မှုက သုံးနာရီနီးပါးကြာသွားတာမို့ ခွဲပြီးသွားချိန်မှ စိတ်ကိုလျှော့ချလိုက်တာနဲ့ လူလည်းဒူးတွေပါ ညွှတ်ကျချင်လာတာ..။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ စိုးရိမ်ရတဲ့အဆင့်ကို ကျော်သွားခဲ့ပါပြီ....
" Prof.Wang မြေး အခြေအနေ..."
" ခွဲစိတ်တာက အောင်မြင်ပါတယ် ဥက္ကကြီး...။ ဒါပေမယ့် ခွဲစိတ်မှုကတစ်ပြိုင်နက်ထဲ နှစ်ခုတောင်တန်းလုပ်ထားရတာဆိုတော့ သတိရလာဖို့တော့လိုဦးမယ်..."
" ခုလို ကယ်ပေးနိုင်တာပဲ ကျေးဇူးပါ Prof Wang ရာ...။ ဒီမြေးလေးသာ တစ်ခုခုဖြစ်သွားလို့ကတော့..."
ဥက္ကဌကြီးက မျက်ရည်တွေကျနေတာမို့ ကျန်းချန်က ဝင်ပြီး...
" အောင်မြင်တယ်ဆိုရင်ပဲ ကျေးဇူးတင်လှပါပြီ သူငယ်ချင်းရာ...။ တော်သေးတယ် မင်းရှိနေလို့..."
" ဝေ့ရင်း သတိမရမချင်း ကျွန်တော်ပဲ စောင့်ပေးချင်တယ် ဥက္ကဌကြီး..."
" ရတယ် Prof Wang စောင့်ပါ...စောင့်ပါ..."
"" ပါး ခဏဖြစ်ဖြစ်နားလိုက်ပါဦးလား...။ ပါး ပင်ပန်းနေပြီ သားစောင့်ပေးလိုက်မယ်...."
" မနားဘူး အားယွမ်... သူ သတိရလာတဲ့အထိ ပါးဘေးကနေပဲ စောင့်နေချင်တယ်..."
" ကဲ...ဒါဆို ၀န်ထမ်းတွေ...ကျုပ်မြေးနဲ့ ဒီက Prof.Wang ကို special ကုတင်နှစ်လုံးပါတဲ့ VVIP အခန်းထဲထည့်ထားလိုက်...။ Prof.လည်းနား Dr စစ်ကျွေးလည်း ဘေးကစောင့်ပေးလို့ရတယ်..."
YOU ARE READING
Perfect Imperfection (Season 2) [Completed]
FanfictionImperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Wang Yibo...