ဆေးရုံဝင်းထဲ ကားဝင်လိုက်တာနဲ့တင် စပ်စလူးလေးကို တွေ့နေရပြီ...။ သူ့ကို နှစ်ရက်လောက် ပေးနားထားတာမို့ ဒီနေ့မှ ပြန်တွေ့ရတာ...။ ဒီကောင်လေး အိမ်မှာရော ငြိမ်ငြိမ်နားရဲ့လားမသိ...ခုတော့ ရောက်ထဲက စကိတ်တစ်စီးနဲ့ သူ့မှာအလုပ်တွေများနေတာ...ကားပေါ်ကဆင်းလိုက်တာနဲ့ ကျွန်တော့်ကို မြင်သွားပုံပင်...အနားကို အပြေးရောက်လာတာမို့ လှမ်းဆွဲထားလိုက်ရသေးတယ်...
" ဖြည်းဖြည်းစီးလေ...မတော်တဆ လူနာတွေကို တိုက်မိကုန်ဦးမယ်..."
" ကျွန်တော် ကျွမ်းပါတယ်ဆို...။ Profကြီးကို စကိတ်စီးရင်း စောင့်နေတာ...နောက်ကျတယ်နော်..."
" အင်း...နည်းနည်းပါ...။ သက်သာနေပြီမလား...နှစ်ရက်လုံးသေချာရောနားရဲ့လား..."
" နားတယ်...နားတယ်...။ ပါးက ဘယ်မှလည်း ပေးမသွားလို့ ကုတင်ပေါ်ကတောင် မဆင်းဘူး...စားဝာာတောင် မားအခန်းထဲ လာကျွေးမှ စားတာ..."
" ပေကပ်ကပ်နဲ့..."
" ဟုတ်တယ်လေ...သက်သာနေပါပြီဆို ဘယ်မှမှ ပေးမသွားကြတာ..."
" ဟက် ခဏနေ အတန်းစတော့မယ်...ပြီးရင် ဝင်ခဲ့တော့နော်...။ မင်း အတန်းပျက်တာတွေတောင် တော်တော်များနေပြီ...။ နေ့လည်ကျရင်လည်း သူငယ်ချင်းတွေနဲ့ ထမင်းစားပြီးတာနဲ့ ကိုယ့်အခန်းထဲ လာခဲ့ဦး... စာတွေပြန်သင်ပေးမယ်...ဒီအတိုင်းဆက်သွားရင် မင်းတော့ exam ကျတော့မှာ မြင်ယောင်နေပြီ..."
" မကျပါဘူး...ကျွန်တော့်ကို ယုံလိုက်..."
" စာဖြင့်တစ်လုံးမှ ဟုတ်တိပတ်တိလုပ်တာမရှိပဲ ပြောလိုက်ရင် မိုးလားကဲလားနဲ့..."
" ဟွန့်..."
နှာခေါင်းရှုံ့ပြနေတဲ့ ကောင်လေးနဖူးကို လက်နဲ့ပဲ ခပ်ဆတ်ဆတ်ရိုက်လိုက်ရတယ်...
" မဟွန့်နဲ့...နေ့လည်ကျ စာမေးလို့မရရင်လည်း အပြစ်ပေးခံရမှာ...။ ဟိုနေ့ထဲက ပြောထားတယ်နော်...နှစ်ရက်ပေးနားထားပေမယ့် စာကျက်နေလို့..."
" မကျက်လာရင် ဘာအပြစ်ပေးမှာလဲ..."
" အယ်...အာ ဒါတော့ မရရင်သိမှာပေါ့...ဘယ်လိုရအောင်ကျက်မယ်မရှိဘူး..အပြစ်ကို လာမေးနေသေးတယ်...။ ကိုယ်ဝင်နှင့်ပြီ...ခဏနေ ဝင်ခဲ့တော့နော်..."
YOU ARE READING
Perfect Imperfection (Season 2) [Completed]
FanfictionImperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Wang Yibo...