Chapter 20

6.6K 765 157
                                    


" ရောက်ပြီ ဆင်းတော့ အရူးလေး..."

" Wow...‌Yay...ဝေး...နောက်ဆုံးတော့ အိမ်ပြန်ရောက်လာခဲ့ပြီ..."

" မင်း ဘယ်လိုဖြစ်လို့ အဲ့လောက်အော်ကြီးဟစ်ကျယ် လုပ်နေတာလဲ...12ကျော်နေပြီ နည်းနည်းပါးပါးတိတ်တိတ်လေး နေစမ်းပါ..."

" ခင်ဗျားကလည်းဗျာ တစ်လမ်းလုံးကို ငြိုငြင်နေတော့တာပဲ...ဘာပဲဖြစ်ဖြစ် လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်..."

" ကောလို့ခေါ်..ကိုယ် မင်းထက်ကြီးတယ်...."

" ဟုတ်ပြီ...ကောကို ကျေးဇူးတင်ပါတယ်..."

ခါးကုန်းပြီး အရိုအသေပြုနေတာကြောင့် သူ့ကိုကြည့်ရင်း ထတောင်ရယ်မိပြီ...။ ဘယ်လိုတောင် လာရွဲ့နေတာလဲ...

" အဲ့လောက် မလိုဘူး...လာရွဲ့မနေနဲ့..."

" Hee..."

" မင်းရုပ်ကလည်းကွာ...ဂျိုကာကျနေတာပဲ ပြောင်စပ်စပ်နဲ့ ..."

" ဒါပြောင်တာမဟုတ်ဘူး ပျော်ပျော်နေတတ်တာ...ရခဲလှတဲ့လူ့ဘဝမှာ ပျော်ပျော်နေရတယ်တဲ့..."

" အေးပါကွာ...နောက်ဆို မင်းအရက်မသောက်တာ ‌ကောင်းမယ်ထင်တယ်နော်...မူးရူးပြီး အဲ့လိုခေါ်တဲ့သူနောက် လိုက်သွားတာ အန္တရာယ်များတယ်...။ မသမာတဲ့သူနောက် ပါသွားရင် မင်းတော့ ဘဝပျက်မှာ မြင်ယောင်နေတယ်...မင်းကို ဘာလုပ်လုပ်လည်း မသိဘူး..."

" အယ်...ဒါဆို ကျွန်တော်အိပ်နေတုန်းက ဘာလုပ်လိုက်သေးလဲ...ခင်ဗျားလည်း မသမာတဲ့သူပဲမလား..."

" အေး စိတ်ရှိတိုင်းသာ လုပ်လိုက်ရင် ထတောင်ထနိုင်မှာ မဟုတ်ဘူး..."

" ဟမ်..."

" ဂျိုကာရယ် အခုမှ ပြူးပြဲမနေစမ်းပါနဲ့...ကိုယ်မပြောရင်တောင် ဘာမှမသိတဲ့သူက အခုမှ အနိုင်ကျင့်ခံလာရသလို ဘာလိုလိုနဲ့..."

" ဟွန့်..."

" ရော့ မင်းဖုန်း..."

" ဟာ တွေ့လား ခင်ဗျားနော် သိမ်းထားရက်သားနဲ့ မပြောဘူး...ဘာလို့ဖွက်ထားတာလဲ..."

" ကိုယ့်အိမ်မှာ တစ်ညလောက် အိပ်စေချင်လို့လေ...ဒါပေမယ့် မင်းက ဖျက်ဖျက်လူး ပြန်ချင်နေတော့လည်း ခေါ်ထားလို့မှ မရတာ..."

Perfect Imperfection (Season 2) [Completed]Where stories live. Discover now