Chapter 3

8.4K 941 129
                                    

📱📱📱

" ဝေ့ရင်း...မင်း အခုဆေးရုံထဲမှာမလား...။ ငါ အခုဆေးရုံရှေ့ ရောက်ပြီနော်...မင်း ကိုယ့်အသိစိတ်နဲ့ ကိုယ်ထွက်လာမှာလား...ငါ ဆွဲဝင်ခေါ်ရမှာလား..."

" ပါးကလည်း အခုစာသင်နေပြီ...ဒါပဲနော်..."

" ငါ့ကို လိမ်ပြန်ပြီလား...ဟေ့ ဟေ့ကောင်..."

တကယ် ဖုန်းချသွားတာမို့ ဒေါသက ထောင်းခနဲ...။ အဲ့ကောင်လေးကို တစ်နေ့ထက်တစ်နေ့ ထိန်းမနိုင်တော့တာ...။ ညကလည်း အိမ်ပြန်မအိပ်ဘဲ ဆိုင်ကယ်စီးသွားပြိုင်ပြန်တယ်ဆိုလို့ အခု‌ ဆေးရုံထိ လာဖမ်းနေရတယ်...

သူ့အဖိုးနဲ့ အမေက အလိုလိုက်လွန်းတော့ ဆိုးချင်တိုင်းဆိုး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာများ လူကြားထဲတောင် မခေါ်ရဲတော့...။ မဟုတ်တာမှန်သမျှ ရိုက်ပွဲတွေမှန်သမျှ သွားမကြည့်နဲ့ သူက ခေါင်း‌ဆောင်ပဲ...။ မဟုတ်တဲ့နေရာမှာ ထူးချွန်လွန်းနေလို့ ဘုရားတနေရပါတယ်ဆိုမှ ဖြစ်ချင်တာက ဆရာဝန်ပါဆိုပြီး ‌ကောက်ကာငင်ကာ စာထကြိုးစားခဲ့လို့သာ ဆရာဝန်ဖြစ်လာခဲ့တာ...

အဖေမို့လို့သာ ပြောရတာ... ကျွန်တော် တစ်ခုခု ဖြစ်ရင်တောင် သူနဲ့တော့ ဘယ်တော့မှ မကုဘူး...။ ဆရာဝန်ဖြစ်ချင်လို့ပဲ စာကျက်ခဲ့တဲ့ကောင်လေးက ဆေးကျောင်းမှာတော့ နောက်ဆုံးက ရေရင် နံပါတ်၁ပဲ...။ ဒါတောင် သူ့ကိုယ်သူ ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ဖြစ်နေတာများ အံ့တွေလည်း ဩပ...စိတ်တွေလည်း ကုန်ပ...

" အဲ့ကောင်လေးကြောင့် ငါ အသက်ရှည်ရှည်တောင် နေရပါ့မလားပဲ..."

သူက Emergency ward မှာ House ဆင်းနေတာဆိုလို့ အရေးပေါ်လူနာတွေကြားထဲ မနည်းဝင်ရှာနေရတုန်း...

" အ.."

" ဟာ ...Dr sorry sorry ..ကျွန်တော် လောလော လောလောနဲ့ဆိုတော့ တိုက်မိကုန်ပြီ..."

" အင်း အင်း..."

ကျွန်တော့်ကို ဝင်တိုးလာလို့ လှည့်ကြည့်လိုက်မိတာ...။ သူ့ကို မြင်ဖူးသလိုပါပဲ...တကယ် ရင်းရင်းနှီးနှီးကို မြင်ဖူးနေတာ...။ ဟင်...

" ကျန်း ကျန်း ကျန်းချန် ...ဟုတ်တယ်...မင်း ကျန်းချန်မလား..."

" ဟုတ်တယ် Dr က ကျွန်တော့်ကို သိတာလား...။ အားနာပေမယ့် ကျွန်တော် Dr ကို တကယ် မမှတ်မိဘူးဖြစ်နေလို့...ဘယ်သူလဲ မသိဘူး..."

Perfect Imperfection (Season 2) [Completed]Donde viven las historias. Descúbrelo ahora