ရင်ခွင်ထဲမှာ အိပ်ပြီးလိုက်လာရင်းနဲ့ကို Prof Profလို့ပဲ ယောင်နေတဲ့ကောင်လေးကြောင့် စိတ်ကပိုတိုလာမိပြီ...။ ဖြစ်နိုင်ရင် ပါးစပ်ကို တိတ်နဲ့ပိတ်ပြီးသာ ခေါ်လာလိုက်ချင်တော့တယ်...သူ့ဖုန်းက တောက်လျှောက် မြည်နေတာကြောင့် ပြုံးလိုက်မိသား...။ သုံးခေါက်လောက် ခေါ်ခွင့်ပေးအပြီးမှာတော့ သူ့ဖုန်းကို ယူပြီး power ပိတ်ချလိုက်ကာ ကျွန်တော်ပဲ သိမ်းထားလိုက်တော့တယ်...။ ရှာစမ်း Profကြီး...အခုချိန် ခင်ဗျား တစ်မြို့လုံးပတ်ရှာနေရင်တောင် တွေ့မှာမဟုတ်ဘူး စိတ်ချ...
တကယ် သူယောင်နေတဲ့အသံကို နားညီးလာတာကြောင့် ပြုတ်မကျအောင် ခါးကိုပဲ ပိုတိုးဖက်လိုက်ပြီး အရှိန်မြှင့်ကာ မြို့ပြင်က စံအိမ်ဆီသို့ ဦးတည်မောင်းချလာလိုက်တော့သည်...
" ဘယ်ရောက်သွားတာလဲကွာ..."
အစက ခေါ်လို့ရနေရင်းနဲ့မှ ဖုန်းပိတ်သွားတာကြောင့် စိုးရိမ်မိသွားတာ...။ သူ့သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်တော့ အဲ့မှာပဲ ထိုင်စောင့်နေခိုင်းခဲ့ပါတယ်ဆိုတော့ ဒေါသကထောင်းခနဲ...။ ခဏထိုင်စောင့်ပေးနေကြတော့ ဘာဖြစ်မှာမို့လို့လဲ...သူတို့ကို ပိတ်အော်ပြီး အဲ့နားတစ်ဝိုက်လိုက်ရှာပေမယ့်လည်း မတွေ့...
ဘယ်လိုက်ရမလဲတောင် တကယ်မသိတော့တာ...။ ကျွန်တော်နောက်ကျလို့ပဲများ ကိုယ့်ဘာသာ အိမ်ပြန်သွားတာလား တွေးမိတာကြောင့် သူ့အိမ်လိုက်သွားဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်...။ ညဖက် လူကြီးတွေရှိတဲ့အချိန်ဆို သူ့အိမ်မသွားချင်ပေမယ့် မတတ်နိုင်တော့...လိုက်သွားမှပဲ ဖြစ်မယ်ထင်သည်...။ ဖုန်းတောင်ပိတ်ပစ်လိုက်တာဆိုတော့ အဲ့ကောင်လေး ကောက်သွားတာလားပဲ...
______
Jian <POV>
ဒီအိမ်က ကျွန်တော်တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်တဲ့ အချိန်တိုင်းအတွက် သီးသန့်ဆောက်ထားတာ...။ မြို့ပြင်ဖက် ထွက်ရတာမို့ တော်ရုံလူမလိုက်နိုင်တဲ့နေရာ....။ အဖေတောင် ကျွန်တော် ဒီအိမ်ဝယ်ထားမှန်းမသိအောင် ကွယ်ဝှက်ထားတာ...။ ဘာကြောင့်မှရယ်တော့မဟုတ်...တစ်ခါတလေ တသီးတသန့်နေချင်တဲ့ အကျင့်ကြောင့်ရယ်...ကျွန်တော်မြတ်နိုးတဲ့ အရာတွေကို သီးသန့်ထားထားချင်လို့ရယ်ကြောင့်ပါပဲ...
YOU ARE READING
Perfect Imperfection (Season 2) [Completed]
FanfictionImperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Wang Yibo...