Chapter 27

6.5K 789 171
                                    


Jian <POV>

အပြင်ရောက်လာတော့လဲ လူကလွတ်လပ်သွားတာပဲရှိတာ...စိတ်ကတော့...ဟင်းးးးး

မနက်နိုးနိုးချင်း အောက်ထပ်ဆင်းလာလိုက်ပြီး ပါးနားဝင်ထိုင်လိုက်မိတယ်...။ ဒီသုံးနှစ်အတွင်းမှာ ပါးလဲအများကြီးပြောင်းလဲသွားပြီ...။ ကျွန်တော့်ကို အပြည့်အဝ မကာကွယ်နိုင်လိုက်ဘူးဆိုတဲ့ စိတ်နဲ့ တော်တော်လေးကို အရွယ်ကျသွားတာ..အရင်က အလုပ်တွေလည်း လုံးဝမလုပ်တော့...

" ပါး..."

" အော်...နိုးလာပြီလား...။ မနက်စာ သွားစားလိုက်ဦး...မင်းကြိုက်တာလေးတွေလုပ်ခိုင်းထားတာ..."

" ပါး ကျွန်တော်တောင်းပန်ပါတယ်နော်..ကျေးဇူးလည်းတင်ပါတယ်..."

" ပါးကမှ တောင်းပန်ရမှာ...မင်းကို ငယ်ငယ်တည်းက ဒါမျိုးတွေမလုပ်ခိုင်းခဲ့သင့်တာ...မင်းအမေသာ ရှိနေရင် ပါးကို အရမ်းစိတ်နာနေတော့မှာပဲ..."

" ဟို...ကျွန်တော် ညက ပြောထားတာရော..."

" မင်း တကယ် အဲ့လောက်ထိတောင် လုပ်မှဖြစ်မှာလား..."

" ဟုတ်တယ် ပါး...ဒီကိစ္စကို ကျွန်တော် သုံးနှစ်လုံး သေချာစဉ်းစားခဲ့တာပါ...။ မနေ့က သူ့ကို တွေ့လိုက်တော့ ပိုသေချာသွားတယ်...အဲ့ဒါမို့ ကျွန်တော့်ဆန္ဒကိုဖြည့်ဆည်းပေးပါနော်..."

" ပါး မင်းလိုချင်တာဆို မလုပ်ပေးခဲ့ဖူးတာ ရှိလို့လား...ဟူး..မင်းသဘောပါပဲ ရော့ ဒီမှာ အကုန်စီစဉ်ပြီးပြီ...ကျေနပ်ပြီလား..."

" တကယ်..Wow ပျော်သွားပြီ...ပါး လက်မှခံပါ့မလား စိတ်ပူနေတာ..."

" မင်းဘာလို့ အဲ့လောက်ဝဋ်တွေကြီးရတာလဲကွာ...။ သူ့အတွက် ထောင်ထဲဝင်ပေးခဲ့တာနဲ့တင် မလုံလောက်သေးလို့ မင်းကျေနပ်အောင် သုံးနှစ်လုံး သူ့ဘေးမှာ သက်တော်စောင့်တွေလဲ ထားပေးခဲ့ပြီးပြီ...

သူ ဘေးကင်းအောင် ပါးတတ်နိုင်သမျှတော့ စောင့်ရှောက်ခိုင်းထားတာပဲ...။ လေးငါးခါလောက် ကယ်ခဲ့ရတယ်...ဒါပေမယ့် ကြီးကြီးမားမားမျိုး မဟုတ်ပါဘူး...အဲ့ကောင်လေးကိုက မိုက်ကန်းကန်းနဲ့ဆိုတော့ မကျေနပ်လို့ ချိန်းပွဲတွေဖြစ်တာမျိုးတွေပဲ...။ ပြီးတော့ သူ့လူကလည်း သူ့ကိုမျက်စိအောက်ကနေကို အပျောက်မခံပါဘူး...။ မင်းပြောသလို အတတ်နိုင်ဆုံးတော့ မသိမသာ သူသွားတဲ့နောက် Bodyguardတွေထည့်ပေးထားတာပဲ..."

Perfect Imperfection (Season 2) [Completed]Tempat cerita menjadi hidup. Temukan sekarang