အငိုသန်တဲ့ ကောင်လေးကို မနည်းချော့မော့ပြီး အောက်ပြန်ခေါ်လာလိုက်ရတော့တယ်...။ အောက်ရောက်တော့လည်း ခုနငိုခဲ့တာ သူမဟုတ်တဲ့အတိုင်း ခုန်ပေါက်ကာ Ward ထဲဝင်သွားပြီး ကျွန်တော်ပေးထားတဲ့ ပန်းတွေကို လူနာတွေကို တစ်ပွင့်စီ လိုက်ပေးနေသေးတာ...ဟင်း ကျန်းချန်ကိုလည်း အပူကပ်ရဦးမှာပဲ...။ ဘယ်သူသိနိုင်မှာလဲနော် ကျောင်းတုန်းက သူငယ်ချင်းက တစ်ချိန်မှာ ကိုယ့်ယောက္ခမဖြစ်လာလိမ့်မယ်လို့လေ...။ ဝေ့ရင်းကို ချစ်လို့သာပေါ့နော်...ကျန်းချန်ကိုတော့ ခပ်လန့်လန့်ရယ်...အသက်ကြီးမှပဲ ငယ်သူငယ်ချင်းရှေ့မှာ မျက်နှာငယ်လိုက်ရမယ့် ဖြစ်ချင်း...
ဝေ့ရင်းက ပန်းတွေဝေနေရာကနေ ကျွန်တော့်ဘက်ကို လှည့်ပြီး အသည်းပုံတွေ ကောက်လုပ်ပြနေတာမို့ လူကြားထဲ ရှက်လွန်းလို့ ခေါင်းညိတ်ပြပြီးပဲ ထွက်လာလိုက်ရတော့တယ်...။ ဒီကောင်လေးက ဘယ်လိုတောင် အရှက်မရှိတဲ့ဟာလေးလဲ...ကောနဲ့များကွာပ...
_______
ဒီနေ့ ကျင်းရီတို့ ward ဖက် အလည်သွားပြီး ပြန်လာနေတုန်း စိတ်ရောဂါအဆောင်ဖက်ကို မျက်စိလည်ပြီး ရောက်လာတာမို့ ဘာရယ်မဟုတ် လိုက်ကြည့်နေလိုက်မိတာ...။ သီးသန့်ခန်းတွေထဲ ထည့်ထားတဲ့ စိတ်ဝေဒနာသည်တွေကို မြင်ရတာ တကယ် စိတ်ထဲမကောင်းမိ...။ ငယ်ငယ်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း စိတ်ရောဂါကုဆရာဝန်နဲ့ အချိန်အတော်ကြာ ပြခဲ့ရသေးတာမို့ သူတို့တွေကို သနားမိတယ်...။ ငယ်ငယ်တုန်းကဆို စိတ်ရောဂါဖြစ်နေရင် ဒီလိုနေရာမျိုး ပို့ခံရမယ်ထင်ပြီး ကြောက်မိတာကြောင့် အဲ့နောက်ပိုင်းထဲက ကျွန်တော့်ပုံစံတွေ အားလုံးကို ပြောင်းခဲ့လိုက်တာ...။ အခုလို သွက်သွက်လက်လက် ဖြစ်လာတာ မြင်ကြမှ စိတ်ရောဂါကုဆရာဝန်နဲ့ ပြတာရပ်သွားခဲ့တာမို့ အဲ့နောက်ပိုင်းထဲက ဒီလိုမျိုးပဲ ဖျံလိုနေပြမိတာကနေ အကျင့်လိုတောင် ဖြစ်နေပြီ...
လိုက်ကြည့်ပြီး corridorကနေ လျှောက်လာတုန်း စိတ်ဝေဒနာသည်တစ်ယောက်ကို တာ၀န်ကျဆရာ၀န်တွေက ဝှီးချဲပေါ်တင်လာတာမြင်တော့ ဘာရယ်မဟုတ် ကြည့်လိုက်မိတယ်...
ESTÁS LEYENDO
Perfect Imperfection (Season 2) [Completed]
FanficImperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Wang Yibo...