Chapter 17

6.5K 740 186
                                    


ဝေ့ရင်းကိုတွေ့ဖို့ ဘယ်လိုကြံရမလဲမသိတာမို့ နောက်ဆုံး ဆေးရုံထဲဝင်တွေ့ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်...။ Ward ထဲဝင်ဝင်ချင်းပဲ သူ့ကိုရှာနေမိပေမယ့် ဟိုလူကို အရင်တွေ့လိုက်တာ...

ဝေ့ရင်းသဘောကျတဲ့သူမို့ အဝေးကနေပဲ လှမ်းအကဲခတ်နေလိုက်မိတယ်...။ ဒီ‌ကောင်လေးက ဘာလို့ ဒီလောက်ကြီးတဲ့သူကို သဘောကျရတာလဲ...။ လူတော်တော်များများက ကိုယ့်ထက်ကြီးတာကို သဘောကျတတ်မှန်း နားလည်ပေမယ့် ဒီလောက်ကြီး ကွာတာကို သဘောကျနေတာမျိုးကျ တစ်မျိုးပင်...

ဒီလူ တော်တော် ကြည့်ကောင်းတာတော့ ငြင်းမရ...။ ငယ်ငယ်ကဆို ဒီထက်တောင် ချောခဲ့မယ့်ပုံပင်...။ သူ့ပုံစံက လူတစ်ယောက် အားကိုးချင်လောက်တဲ့ ပုံစံမျိုး အနေအထားမျိုးမှာတော့ ရှိသား... ဒါကြောင့် ဝေ့ရင်းက သဘောကျတာလား...။ တချို့တွေလို ပိုက်ဆံရှိတဲ့ လူကြီးတွေကို လိုက်ကပ်တတ်တဲ့ ကောင်လေးမျိုးလို့ ဆိုရအောင်လည်း ဝေ့ရင်းက အဲ့လူထက်တောင် ချမ်းသာသေးတယ်...

ဘာလို့လဲ စဉ်းစားမရမယ့်တူတူ ကောင်တာက လူတွေကို မေးပြီး ဝေ့ရင်းကို ရှာဖို့ ဝင်လာလိုက်တော့တယ်...။ သူ လှည့်ကြည့်လာတာမို့ ပြုံးတော့ ပြုံးပြခဲ့လိုက်ပါသေးတယ်...။ ပြိုင်ပွဲစပြီလို့ အချက်ပြတဲ့ အပြုံးမျိုးပေါ့...

သူ့ဘေးကနေ ဖြတ်သွားတဲ့အထိ လိုက်ကြည့်နေတယ်လို့ ခံစားမိတာမို့ အနားရောက်မှ ခေါင်းညိတ်ပြပြီး reception ကညွှန်ပြရာ အပေါ်ထပ်ကိုတက်လာလိုက်တော့သည်...





ကျွန်တော့်ကို ပြုံးပြနှုတ်ဆက်သွားတဲ့ကောင်လေးကို တစ်နေရာမှာ ရင်းရင်းနှီးနှီးမြင်ဖူးတယ်လို့ ခံစားမိတာကြောင့် သေချာလိုက်ကြည့်နေလိုက်မိတာ...။ အသက်ကြီးလာလို့ မှတ်ဉာဏ်တွေ မကောင်းတော့တာလားပဲ...ဘယ်နေရာမှာ တွေ့ဖူးလဲ စဉ်းစားလို့မရ...။ အသိဖြစ်နေမှာစိုးလို့သာ ပြန်ပြီး ပြုံးပြလိုက်ရတာ သူ့ကို ကျွန်တော် တကယ်မမှတ်မိ...







တွေ့ပါပြီ ရှာနေရတဲ့သူလေးကို...။ ကလေးလူနာတစ်‌ယောက်ကို ချော့‌မော့ကာ ဆေးကုနေတာ တွေ့လိုက်တာမို့ ခဏရပ်စောင့်နေလိုက်ပြီး ကြည့်နေလိုက်မိသည်...။ သူက အမြဲပြုံးနေတတ်တာ ထင်တယ်....ပထမဆုံးစတွေ့တုန်းက အချိန်ကလွဲရင် ဘယ်အချိန်ကြည့်ကြည့် ရယ်မောနေတတ်တာလေးက သဘောကျချင်စရာလေးပဲ...

Perfect Imperfection (Season 2) [Completed]Wo Geschichten leben. Entdecke jetzt