Chapter 8

7.3K 885 125
                                    


ပါးတို့ပြန်သွားပြီးထဲက အိပ်ပျော်သွားလိုက်တာ...နိုးနိုးချင်း လက်ကနာရီကို ကြည့်လိုက်မိတော့ပဲ ညနေ သုံးနာရီတောင်ထိုးနေပြီ...

ခေါင်းကိုက်တာလည်း သက်သာသလောက်ရှိသွားပြီ...။ ဘေးကို အသာ‌စောင်းငဲ့ကြည့်လိုက်တော့ ကျွန်တော့်လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကုတင်ပေါ်မှာ မျက်နှာကို ဘေးတစောင်းထားကာ မှောက်အိပ်နေတဲ့ Prof ကိုတွေ့လိုက်ရတာမို့ သေချာကြည့်လိုက်မိတယ်...

အိပ်နေတာတောင် နဖူးကြောတွေကို တွန့်ထား‌သေးတာ...။ အခုနောက်ပိုင်း Prof ရဲ့ ကျွန်တော့်အ‌ပေါ် စိုးရိမ်တကြီး ဂရုစိုက်လာမှုတွေက အဲ့ဒီ့ Xiaozhan ဆိုတဲ့ ကောင်လေးကြောင့်မို့လား...။ ကျွန်တော်က သူပြန်ဝင်စားတာပါလို့ ပြောနေပေမယ့်လည်း လက်ခံဖို့ရာ ခက်ခဲနေတယ်... ကျွန်တော်မှ ဘာမှမမှတ်မိတာလေ...။ ပြီးတော့ ငယ်ငယ်တည်းက တစ်အိမ်လုံးရဲ့ ဖူးဖူးမှုတ်ဂရုစိုက်တာကို ခံလာရတဲ့သူမို့ ဒီလိုအခြေအနေမျိုး ဒီလိုဂရုစိုက်ခံရမှုမျိုးကျတော့ လူတစ်ယောက်ရဲ့ နေရာမှာ အစားထိုးခံနေရသလိုမျိုးမို့ သဘောမကျဘူး...

အသာလေး သူ့နဖူးကို တို့ကြည့်လိုက်မိတော့ နဖူးကြောတွန့်ထားတာတွေ ပြေသွားသယောင်ယောင်...

" တကယ်ပဲ အရင်ဘဝက ငါ သူ့ကို အရမ်းချစ်ခဲ့တာလား..."

သူ့မျက်နှာကို လှမ်းကိုင်မလို လုပ်မိပြီးမှ လက်ကိုပြန်ရုတ်လိုက်ပြီး ထထိုင်လိုက်တော့တယ်...။ အရင်ဘဝက ချစ်ခဲ့တယ်ဆိုရင်တောင် အခုမှ မချစ်တာ...

ကျွန်တော်လှုပ်လိုက်တော့ Prof လန့်နိုးသွားပုံပင်...

" အာ..နိုးလာပြီလား..."

" ဟုတ်...ကျွန်တော် အိမ်ပြန်လို့ရပြီလား..."

" အိမ်ပြန်ချင်ပြီလား...ဒါဆို ခေါင်းကိုက်တာ ဘယ်လိုနေသေးလဲ..."

" ခုနကထက်စာရင် သက်သာသွားပြီ...။ ဘာလို့ အဲ့လောက်ဖြစ်သွားတာလဲ မသိဘူး...အရင်က အဲ့လိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး...အဲ့ဘုရားကျောင်းရောက်မှ အဲ့လိုတွေ ခံစားရတာ..."

ကျွန်တော်ပါ ကုတင်ပေါ်တက်ထိုင်လိုက်ပြီး သူ့လက်လေးတွေကို ဆွဲယူလိုက်တော့ မျက်လုံးအဝိုင်းသားလေးနဲ့ ပြူးကြည့်လာတာ...

Perfect Imperfection (Season 2) [Completed]Where stories live. Discover now