Chapter 1

29.1K 1.2K 145
                                    

" ပါးရေ...သားနောက်ကျနေပြီ သွားတော့မယ်..."

" အင်း အင်း...။ အားယွမ်...ပါး ပြီးမှလိုက်လာတော့မယ်နော်..."

" ဟုတ်...ဟုတ်...။ ပါးသိတယ်မလား...ဒီနေ့ ဟောက်စ်လေးတွေ လာမှာလေ...။ ကျွန်တော် ပါးတို့ Emergency ward မှာ House surgeon အသစ်လေးတွေကို တစ်လဆင်းထိုင်ပြီး လာသင်ပေးရဦးမှာ...။ အဲ့ဒါ သူတို့ထက် နောက်ကျလို့ မဖြစ်ဘူး...ပါး ဖြည်းဖြည်းသာ လိုက်လာတော့..."

ဒါ မနက်ခင်းတိုင်း သားအဖနှစ်ယောက်ရဲ့ နေ့တဒူဝ ပျာယာခတ်ခြင်းပဲ...။ အိပ်ရာထနောက်ကျတတ်တဲ့ အားယွမ်က မနက်စာစားဖို့ ဘယ်တော့မှ မမီတတ်...။ ကျွန်တော်ကလည်း စိတ်ပါမှ စားတာ...စားဖို့သောက်ဖို့တွေကို သိပ်အာရုံမထား‌တော့တာမို့ သားအဖတွေက ‌ညဖက်မှ မနည်းကို မျက်နှာချင်းဆိုင်နိုင်အောင် အချိန်ပေးနေကြရတဲ့ အဖြစ်...။ ကျွန်တော် အခုဆို Prof ရာထူးတောင် ရနေပြီမို့ အလုပ်တွေက ခေါင်းတောင်မဖော်နိုင်အောင် လုပ်နေရတာ...။ အခုလို အလုပ်တွေများနေတာကို ပိုသဘောကျတယ်...တခြားကို စိတ်သိပ်မရောက်တော့ဘူးလေ....

အခု မားနဲ့ပါးကလည်း တော်တော်အရွယ်ရနေပြီမို့ ပါးတောင် အိမ်ကနေပဲ ကုမ္ပဏီကိစ္စတွေ ညွှန်ကြားရုံလောက်သာ လုပ်တော့တယ်...

" ကောရေ...ကျွန်တော် အလုပ်သွားပြီနော်..."

မနက်တိုင်း wedding photo နဲ့ အားယွမ် ငယ်ငယ်ကရိုက်ခဲ့တဲ့ သုံးယောက်ပုံလေးထဲက ကောကို နှုတ်ဆက်နေကျ ဖြစ်နေတာ နှစ်နှစ်ဆယ်တောင် တိုင်ခဲ့ပြီ...။ ကျွန်တော့်အတွက်တော့ ကောက ဘေးနားမှာ အမြဲရှိနေတယ်လို့ ယုံနေတုန်း...။ ကော ချန်ခဲ့တဲ့ အမှတ်တရတွေက နည်းလွန်းတာမို့ ဒါလေးတွေက တန်ဖိုးကြီးလွန်းတဲ့ အမှတ်တရတွေပါပဲ...

တစ်ခုပဲ မမပန်းချီခန်းကိုတော့ အပြီးသော့ပိတ်ထားပစ်လိုက်ပြီ...။ အားယွမ်ကလည်း လုံးဝပန်းချီမဆွဲတော့တာ ကောဆုံးသွားတဲ့ အချိန်ထဲကပင် ...။ အဲ့ကလေး အမုန်းဆုံးက ကစားကွင်းပါတဲ့ ကောရေ...ငယ်ငယ်တည်းကနေ အခုထိ ကစားကွင်းရှေ့တောင် ဖြတ်လျှောက်ခိုင်းလို့ မရအောင် သူလေးလည်း စိတ်ဒဏ်ရာတွေနဲ့ပါ...

Perfect Imperfection (Season 2) [Completed]Tahanan ng mga kuwento. Tumuklas ngayon