Chapter 10

7.6K 840 130
                                    


Prof ငိုသံကြားရတာနဲ့တင် ကျွန်တော်ပါ အလိုလို မျက်ရည်ကျလာမိတဲ့အထိ မနက်မိုးလင်းခါနီးတုန်းက Profနဲ့ စီနီယာတို့ ပြော‌နေတာတွေကြားပြီး တော်တော်စိတ်မကောင်းဖြစ်မိတာ...။ သူတို့ အသံတွေ တိတ်သွားမှပဲ ပြန်အိပ်ပျော်သွားလိုက်တာ အခုနိုးလာလို့ ကြည့်လိုက်တော့ ဘေးမှာ ဘယ်သူမှ မရှိတော့...

ဖြည်းဖြည်းချင်းထထိုင်လိုက်ပြီး ပြတင်းပေါက်နား သွားရပ်နေလိုက်မိတယ်...ကြည့်ရတာ Prof နဲ့ စီနီယာက Duty ပြန်ဝင်သွားရပြီ ထင်ပါတယ်...

လက်ထဲက နာရီကိုဟိုလှည့်ဒီလှည့်လုပ်နေရင်း တွေးနေမိတာ...။ ဒီတစ်ခါ တောင်ပေါ်မှာ လျှောက်မြင်တာက ဘုရားကျောင်းမှာ မြင်တာထက်တော့ ပိုသဲကွဲလာသလိုပင်...။ မနက်က ကြားရသလောက်အရဆိုရင် အဲ့တောင်ပေါ်က ကောင်လေးက ကျွန်တော်ပဲပေါ့...

ပန်းချီဆရာပြန်ဝင်စားတာကလည်း တုတ်ချောင်းနဲ့ ဝလုံးပုံပဲဆွဲတတ်တဲ့ ကျွန်တော့်ဆီကိုမှတဲ့လား...။ ငယ်ငယ်က ပန်းချီသင်တန်းမှာတုန်းကဆို ပန်းချီပါရမီ တော်တော်မပါတဲ့အပြင် အခြေခံလောက်ကိုတောင် သင်ရခက်တဲ့ ကျွန်တော့်ကို စိတ်ပျက်လွန်းလို့ ဆရာမကိုယ်တိုင်တောင် လိုလိုလားလား သင်တန်းက ပေးထွက်ခဲ့သေးတာ မှတ်မိပါသေးတယ်...

ကြည့်ရတာ ကျွန်တော်က Xiaozhan နဲ့တူတာဆိုလို့ ရုပ်ပဲရှိတာနေမှာပဲ...။ ကျွန်တော် ပြန်မှတ်မိလာတာမျိုးတော့ မရှိပေမယ့် မနက်က Prof စိတ်မကောင်းဖြစ်နေတာကိုတော့ ရင်ထဲတကယ် မကောင်းမိတာမို့....ဟူး မချစ်နိုင်သေးပေမယ့်လည်း Prof ကို ဘာပြန်လုပ်ပေးရင် ကောင်းမလဲ....









မနက်ပိုင်း round လှည့်ပြီးတာနဲ့ ဝေ့ရင်းဆီ ပြန်လာခဲ့လိုက်သည်...။ အခုလောက်ဆို နိုးများနိုးနေပြီလား ဆိုတဲ့ အတွေးနဲ့အတူ သူ့အခန်းထဲ တံခါးဖွင့်အဝင် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးတွေ ပြာခနဲ ခေါင်းထဲမှာ မိုက်ခနဲ...

ဘာမှမတွေးနိုင်တော့ဘဲ...ပြတင်းပေါက်ဘောင်ပေါ် ဆောင့်ကြောင့် တက်ထိုင်နေရုံသာမက ခါးကိုပါ အောက်သို့ ကုန်းချပြီး ခုန်ချဖို့လုပ်နေတဲ့ ကလေးကို နောက်ကနေ ခါးကဆွဲမပြီး ရင်ခွင်ထဲ ပွေ့ချီထားလိုက်ရတယ်...

Perfect Imperfection (Season 2) [Completed]Where stories live. Discover now